54-လူသားစားသူရဲ့ အသိုက်အမြုံထဲ တစ္ဆေဘုရင်နှင့် နတ်မင်းများတွေ့ဆုံခြင်း

28 1 0
                                    

|| လူသားစားသူရဲ့ အသိုက်အမြုံထဲ တစ္ဆေဘုရင်နှင့် နတ်မင်းများတွေ့ဆုံခြင်း [ အပိုင်း ၁ ] ||

ရှဲ့လျန်က အလှမ်းသိပ်မဝေးတဲ့ နေရာမှာရှိနေတဲ့ စိတ်ဓာတ်ကျနေဟန်အမူအရာနဲ့ ဒူးထောက်နေတဲ့ ကျောက်ရုပ်တုဆီ လှည့်ကြည့်လိုက်ရင်း ပြောတယ် ။

" ချီရုံပြောတဲ့အထဲ တစ်ခုတော့ မှန်သား ! ငါက တကယ်အရှုံးသမားတစ်ယောက်ပဲ!"

ဟွားချန်က နူးညံ့စွာပြောတယ် ။

" ချီရုံလို အသုံးမကျတဲ့ အမှိုက်သရိုက်ကောင်ပြောတာ ယုံမနေနဲ့ ! အဲဒီကောင်က ရိုက်သတ်လို့မသေ အပြေးမြန်တာကလွဲရင် ဘာမှ အဖြစ်ရှိတဲ့ကောင်မဟုတ်ဘူး ! နှစ်ရှစ်ရာကျော်လာပြီးတာတောင် လူမျိုးသုဉ်းအဆင့်ကို တက်မလာနိုင်တာ ! သူ့ကို ရိုက်ရတာ လက်ညစ်ပတ်တာပဲ ရှိတယ် !"

ရှဲ့လျန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးဟာ အပေါ်ကိုကော့ညွတ်သွားပြီး သူ စိတ်ထဲက တွေးတောနေမိတယ် ။ ရိုက်သတ်လို့မသေ အပြေးမြန်တယ် ။ သူလည်း အဲဒီလိုပဲ မဟုတ်ဘူးလား ? သူလည်း နှစ်ရှစ်ရာလုံးလုံး ဖြစ်ကတတ်ဆန်းနေခဲ့တာတော့ မဟုတ်ပေမဲ့ အခုဒီလိုပုံစံ ဖြစ်သွားခဲ့သေးတာပဲ မဟုတ်လား ?

ပထမတော့ လန်ချန်းချိုးတစ်ယောက် အရှေ့ပိုင်းနယ်မြေကို အပိုင်စားရတဲ့ စစ်နတ်မင်းတစ်ပါးအဖြစ် ကောင်းကင်ဘုံကို တက်လှမ်းခဲ့ပြီး အထက်ကောင်းကင်ဘုံမှာ နတ်မင်းတစ်ပါးဖြစ်နေတဲ့အပြင် သူ့ရဲ့ ဟိုးအရင် စရိုက်လက္ခဏာတွေအတိုင်းပဲ ရိုးသားဖြောင့်မတ်နေဆဲ ၊ ပျင်းစရာကောင်းတဲ့ အစည်းအဝေးခန်းမတွေထဲ အိပ်ပျော်နေတတ်ဆဲပဲ ဆိုတာကို သိမြင်ရတဲ့အခါ သူ့စိတ်ထဲ အတော်လေး စိတ်ချမ်းသာမိတယ် ။ ဒါပေမဲ့ အခုချိန်ကစပြီး လန်ချန်းချိုးဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဘယ်သူသိမှာလဲ ? သူက ချီရုံနောက်ကို ရေဆုံးမြေဆုံး လိုက်ဖမ်းတော့မယ် ။ ဖမ်းမိပြီးတဲ့နောက် ပြန်ရောက်လာတဲ့အခါ သူနဲ့ ဘယ်လို စာရင်းရှင်းဦးမှာလဲ ?

ရှဲ့လျန်က မတ်တပ်ထရပ်လိုက်ပြီး ရုပ်တုဆီကို ဖြေးညှင်းစွာ လျှောက်သွားကာ ရုပ်တုရဲ့ အရှေ့မှာ မျက်နှာချင်းဆိုင် ရပ်လိုက်တယ် ။ ရုပ်တုရဲ့ မျက်နှာဟာ သူ့မျက်နှာနဲ့ လုံးဝ တစ်ပုံစံတည်းပဲ ။ သို့ပေမဲ့ ဝမ်းနည်းကြေကွဲနေတဲ့ အမူအရာမျိုး ထုလုပ်ထားပြီး မျက်နှာတစ်ခုလုံးဟာ မျက်ရည်ဖြိုင်ဖြိုင်စီးကျနေကာ ရှုံ့မဲ့နေပြီး အရုပ်ဆိုးလွန်းနေတယ် ။ ရုပ်တုကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် ရှဲ့လျန်က သက်ပြင်းဖွဖွချလိုက်ပြီး ရုပ်တုရဲ့ ခေါင်းပေါ်လက်တင်ကာ အားပြင်းပြင်း တစ်ချက် ဖိချလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now