20-ခြေတစ်လှမ်းတည်းနဲ့ မိုင်တစ်ထောင် ၊ သဲမုန်တိုင်းအတွင်း ပျောက်ဆုံးခြင်း

32 2 0
                                    

|| ခြေတစ်လှမ်းတည်းနဲ့ မိုင်တစ်ထောင် ၊ သဲမုန်တိုင်းအတွင်း ပျောက်ဆုံးခြင်း [အပိုင်း ၁] ||

ဒါပေမဲ့ ရှဲ့လျန်က ပြောလိုက်တယ် ။

" အဲဒါတွေအားလုံးက ပါးစပ်ရာဇဝင်တွေနဲ့ ကောလဟာလတွေ ဖြစ်နေလောက်ပေမဲ့ ပန့်ယွဲ့ တိုင်းပြည်ဆိုတာတော့ အမှန်တကယ် ရှိတယ် "

"ဪ?" စန်းလန်က ပြောတယ် ။

အဲဒီအချိန် နန်ဖုန်းက မြေကြီးပေါ်မှာ အစီအရင်ကို တစ်ထပ်ပြီး တစ်ထပ် ရေးဆွဲလို့ပြီးသွားပြီ ။ သူက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ် ။

" ပြီးပြီ ... ကျွန်တော်တို့ ဘယ်အချိန် ထွက်မလဲ ?"

ရှဲ့လျန်က အထုတ်အပိုး ကမန်းကတမ်း ထုတ်ပိုးလိုက်ပြီး တံခါးရှေ့ကို သွားလိုက်ကာ ပြောတယ် ။

" အခုပဲသွားမယ် "

သူ့ရဲ့လက်ကို တံခါးပေါ်တင်လိုက်ပြီး ရေရွတ်လိုက်တယ် ။

"ကောင်းကင်ဘုံရဲ့ ကောင်းချီးမင်္ဂလာ.... အတားအဆီးဟူသမျှ ရှောင်ကွင်းဖယ်ခွာ "

အဲဒီနောက် ညင်သာစွာ တွန်းဖွင့်လိုက်တယ် ။

တံခါးကို တွန်းဖွင့်လိုက်စဉ် တောင်ကုန်းငယ်လေး နဲ့ ရွာလေးဟာ ပျောက်ကွယ်သွားခဲ့ပြီ ။ အဲဒီနေရာမှာ ဗလာကျင်းနေတဲ့ လမ်းမကြီးတစ်ခုရှိနေတယ် ။

လမ်းမကြီးဟာ ကျယ်ပြန့်သလောက် လူသွားလူလာလည်း နည်းပါးတယ် ။ အတော်ကြာမှ ခြေလျင်လျှောက်လာသူ တစ်ယောက်စ နှစ်ယောက်စကို တွေ့နိုင်တယ် ။ ဒါက ညအချိန်ရောက်လုပြီမို့ ပတ်ဝန်းကျင်တခွင်က မှောင်ရိပ်သန်းနေတာကြောင့်မဟုတ်ဘဲ အနောက်မြောက်ပိုင်းဟာ ကနဦးကတည်းက လူဦးရေနည်းပါးတာကြောင့်ပဲ ။ နောက်ပြီး အနီးအပါးမှာ ကောပိသဲကန္တာရ ရှိတာကြောင့် နေ့အချိန်အခါ ဖြစ်နေရင်တောင် လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာ နည်းပါးတယ် ။

ရှဲ့လျန်က အဆောက်အဦးရဲ့ အပြင်ဘက်ကို ထွက်လိုက်ပြီး သူ့နောက်က တံခါးကို ပြန်ပိတ်လိုက်တယ် ။ သူက နောက်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ရင်း အံ့သြသွားမိတယ် ။ အခုလေးတင် သူဟာ ဖူကျိနတ်ကွန်းထဲက လှမ်းထွက်လာခဲ့တာ ဘယ်ဟုတ်တော့မှာလဲ ? သူ့ရဲ့ နောက်မှာ ရှိနေခဲ့တဲ့ အဆောက်အဦးဟာ တည်းခိုခန်းငယ်လေး ဖြစ်နေခဲ့ပြီပဲ ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now