43-သုခစံရိပ်မြုံရဲ့ ညအချိန် ၊ စူးစမ်းမှုအတွက် မြေအောက်ဥမင်ထဲ တိုးဝင်ခြင်း

22 1 0
                                    

|| သုခစံရိပ်မြုံရဲ့ ညအချိန် ၊ စူးစမ်းမှုအတွက် မြေအောက်ဥမင်ထဲ တိုးဝင်ခြင်း [ အပိုင်း ၂ ] ||

ရှီးချင်းရွှမ်ရဲ့ မျက်ခုံးတွေ ကျုံ့သွားတယ် ။

" လမ်းက ပိတ်သွားပြီလား !!? ဘယ်လိုတုံး!"

သူရဲ့ လက်တစ်ဖက်မှာ လက်ဖဝါး မီးတောက် အစီအရင်ကို ကိုင်မြှောက်ထားရင်း ကျန်လက်တစ်ဖက်က ကျောက်သားနံရံကို စမ်းကြည့်ကာ စက်ခလုတ် အရိပ်အရောင်မျိုး ရှာဖွေကြည့်နေတယ် ။ သူက ပုံရိပ်ယောင်တွေကို ဖယ်ခွာစေတဲ့ မန္တာန်တချို့ ချကြည့်ပေမဲ့လည်း မထိရောက်ဘူး ။ ကျောက်သားနံရံဟာ ရှိရင်းစွဲအတိုင်း မလှုပ်မယှက် အခြေအနေသာ ရှိနေတယ် ။ ရှီးချင်းရွှမ် အနေနဲ့ သူထပ်လုပ်နိုင်တာ မရှိတော့ဘဲ ပြောလာတယ် ။

" နံရံအပေါက်ဖြစ်သွားအောင် ကျွန်ုပ် လက်သီးနဲ့ ထိုးခွဲလိုက်မှထင်တယ် ?"

" အဲဒါဆို အကုန်ပွက်လောရိုက်သွားမှာပေါ့ ! မသကာ သုခစံရိပ်မြုံတစ်ခုလုံးတောင် တုန်သွားနိုင်တယ်"

ရှီးချင်းရွှမ်က ကျောက်သားနံရံပေါ်ကို လက်တင်ပြီး ဝိညာဉ်စွမ်းအား တွန်းအားလေးတစ်ခု ထုတ်လွှတ်ကြည့်တယ် ။ ဒါပေမဲ့ တစ်ခဏအကြာမှာ သူ့လက်ကို ပြန်ချလိုက်ပြီး ပြောတယ် ။

" ကျွန်ုပ် လက်သီးနဲ့ ထိုးရင်တောင်မှ အသုံးဝင်မှာ မဟုတ်ဘူး ဒီနံရံက ပေတစ်ရာကျော်အထက်တောင် ထူနိုင်တယ်"

ရှဲ့လျန်ဟာ မျက်နှာဖုံးနဲ့ လူငယ် ဒီထဲဝင်သွားခဲ့တာကို မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာဖြစ်ပြီး အဲဒီသူဟာ ဒီတစ်ဖက်ပိတ် ဥမင်ထဲမှာ မိမိကိုယ်ကိုယ်ဆင်ခြင်ရင်း တရားထိုင်ရှုမှတ်ဖို့ ခိုးဝင်ခဲ့တယ်လို့ တွေးကြည့်ဖို့က သိပ်ရူးမိုက်ရာ ကျလွန်းတယ်မဟုတ်လား ? ဒီနေရာမှာ စက်ခလုတ် ကိရိယာ တစ်ခုခု ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း နည်းလမ်းတစ်ခုခု ပါဝင်နေမယ်ဆိုတာ အသေအချာပဲ ။ ဒါကြောင့် သူတို့နှစ်ယောက်သားဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပိုပြီး သေသေချာချာ စေ့စေ့စပ်စပ် အသေးစိတ်ကအစ ကြည့်ရှုစစ်ဆေးကြတယ် ။ သိပ်မကြာခင်မှာပဲ ရှဲ့လျန်က လက်ညိုးညွှန်ပြပြီး ပြောလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now