1 (uni +zaw)

34.6K 1.1K 79
                                    

"ငါတို့ ကွာရှင်းရအောင်"

ခပ်မာမာထွက်လာတဲ့စကားလုံးတွေထဲ မာန်မာန သဘောတရားတွေကလည်း ကိန်းအောင်းနေ၏၊၊ တင်းမာနေသောမျက်နှာထားရှိသော အမျိုးသမီးက မျက်ခမ်းစပ်တွေတော့ ရဲတတ်နေပြီး ခပ်စူးစူးမျက်ဝန်းအိမ်တွေထဲမှလည်း အရည်ကြည်များ ဝေ့ဝဲနေသည်၊၊

အိမ်၏ဧည့်ခန်းအတွင်း မျက်နှာချင်းဆိုင်ထိုင်ပြီးစကားများနေကြသော အိမ်ကြီးအရှင်သခင်နှစ်ယောက်ကြား မည်သူမျှစကားလမ်းကြောင်းဖျောင်းဖျပေးနိုင်စွမ်းငှာ မရှိကြ၊၊ အိမ်အကူအလုပ်သမားက dining room၏ အပေါက်ဝ၌ သာငြိမ်သက်စွာဖြင့် ဧည့်ခန်းထဲမှ အိမ်သခင်နှစ်ယောက်၏ စကားများခြင်းကို စောင့်ကြည့်ပြီးနားစွင့်နေကြသည်၊၊

ငြိမ်သက်စွာ အခြေအနေကို စောင့်ကြည့်နေသော အိမ်အကူများကြားမှအကြီးအကဲဖြစ်သော အိမ်တော်ထိန်း၏ သက်ပြင်းချသံခပ်တိုးတိုးက ထွက်ပေါ်လာသည်၊၊ အိမ်တော်ထိန်းအပြင် ဘေးနား၌ ရပ်၍ အခြေအနေကို စောင့်ကြည့်နေသော အိမ်အကူမိန်းမငယ်လေးများ၏ မျက်နှာများသည်လည်း မကောင်းကြပေ၊၊

အိမ်တော်ထိန်း၏ လက်ထဲ၌ ချီပိုးထားသော 5 နှစ်အရွယ် ကလေးလေး၏ မျက်ဝန်းတွေထဲ၌ မျက်ရည်ကြည်များဖြင့်ဝေ့တတ်နေခဲ့ပြီး နုစင်နေသော ကလေးငယ်၏ ပါးပြင်ထက်၌လည်း မျက်ရည်ကြည်စီးကြောင်းတွေက ရှိနေသေး၏၊၊ အိမ်သခင်နှစ်ယောက်၏ ရန်ဖြစ်စကားများခြင်းက အခုအကြိမ်သည် ပထမဆုံးအကြိမ်တော့မဟုတ်တော့ပေ၊၊ သခင်ငယ်လေး မွေးဖွားပြီး3 နှစ်သားအရွယ်လောက်ကနေ စတင်ခဲ့ကြသည်၊၊ တစ်နေ့တစ်မျိုး မရိုးနိုင်သော ပြဿနာတွေကြား မြေစာပင်အနေနဲ့ နောက်ဆုံး စိတ်ထိခိုက်ရသူက အသက်မပြည့်သေးသော 5 နှစ်အရွယ် သခင်ငယ်လေး သာ ဖြစ်ချေ၏၊၊

" သခင်ငယ်လေး မငိုနဲ့နော် ၊ Mom နဲ့ Dad နဲ့က ခဏနေရင် အဆင်ပြေသွားမှာပါ ၊၊ ဝမ်းမနည်းရဘူးနော် သခင်ငယ်လေးဘေးမှာ valerie တစ်ယောက်လုံးရှိတယ် "

ငိုထားသည့်အရှိန်ကြောင့် ရဲတွတ်နေကာ နုစင်နေသော ပါးပြင်နုနုပေါ်သို့ နူးညံ့သည့်ပိုးသား ပဝါ အဖြူလေးဖြင့် မျက်ရည်စီးကြောင်းတွေကို သုတ်ပေးလေးတော့ ခေါင်းယိမ်းကာပင် သခင်ငယ်လေးက တိမ်းရှောင်သည်၊၊ အလုပ်တွေရှုပ်ကာ ဂရုမစိုက်ပေးနိုင်တဲ့အပြင် နေ့တိုင်းနီးပါး ရန်ဖြစ်စကားများနေသော မိဘနှစ်ပါးကြား 5 နှစ်သား သခင်ငယ်လေးက မိဘ မေတ္တာ ကိုအပြည့်အဝမရသည့်အပြင် လမ်းမှန်ကိုသွန်သင်ပေးမဲ့သူက မဲ့နေလေတော့ ငယ်ငယ်လေးနဲ့ပင် အနည်းငယ် တဇွတ်ထိုးဆန်ကာခေါင်းမာ ချင်၏၊၊ဒါဟာ သခင်ငယ်လေး၏ အပြစ်တွေလို့လည်း ဆိုလို့မရပေ၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now