32(uni+zaw)

10.7K 734 176
                                    

အရှိန်မြင့်သထက်မြင့်ကာဖြင့် ပြေးလာသော Zero ၏ ခြေလှမ်းတွေသည် ရဟတ်ယာဉ် ရှိရာသို့ ဦးတည်၏၊၊ စားသောက်ဆိုင် သို့လာစဥ်က  ကားပါသောလည်း  ခွန်းဗမာရစ် ဆီကိုသွားဖို့အတွက် လောနေသော စိတ်တွေကြောင့်သာ Zero ကားမယူမိပဲ ဒီတိုင်းပြေးထွက်လာမိသည်၊၊


အရှိန်ပြင်းပြင်းနဲ့ ပြေးနေသော ခြေလှမ်းတွေက Zero စိတ်ထဲ ပိုနှေးကွေးနေသယောင်ရှိပြီး အလိုရှိရာအရပ်သို့ မြန်မြန်မရောက်နိုင်သည်ကြောင့် စိတ်အလိုမကျမှုမှာ ကြီးစိုးလာတော့သည်၊၊  လပေါင်းများစွာ  ကုတင်ပေါ်မှာပဲ ငြိမ်သက်နေတဲ့လူက ပြန်ပြီး သတိဝင်ကာ လှုပ်ရှား လာနိုင်ပြီဆိုတော့  Zero အရင်ဦးဆုံးအပြေးသွားတွေ့ချင်မိသည့်စိတ်က လုံးဝထိန်းမရပေ၊၊


ဒိုင်းး!!


ရုတ်တရက် ထွက်လာသော သေနတ်သံအပြီး Zero ၏ ခြေထောက်တစ်ဖတ်မှာ ထိန်းမရအောင်ပင်နာကျင်လာပြီး ပြေးနေသောအရှိန်မှာလျော့  ‌လျက် တလိမ့်ခေါက်ခွေဖြင့်ပင် လမ်းဘေးသို့ ပြစ်လဲကျတော့သည်၊၊  ခြေထောက်မှာ သွေးများကျလျက် သေနတ်ထိမှန်သွားတာဖြစ်ပြီး ပြစ်ခတ်သူဘက်သို့  Zero ကြည့်မိတော့ မာဗာရစ် ၏ သားအငယ် ခွန်းရစ်လွန်းရှန် ဖြစ်နေလေသည်၊၊

Bodyguard 10 ယောက်လောက်နှင့် Zero ရှိရာတည့်တည့်သို့လာနေသော ခွန်းရစ်လွန်းရှန်က  လက်ထဲ၌ သေနတ် နှစ်လက်ကို ဟိုဘက် ဒီဘက်ကိုင်ဆောင်ထားလေသည်၊၊ ထို့နောက်  ဇေဗန်နှင့် ဂျက်ဆင်လ်တို့သည်လည်း  တစ်ခြားတစ်ဖက်ကနေ Zero ရှိရာသို့ အသည်းအသန်ပြေးလာနေ ကြ၏၊၊ အခြေအနေသည်အနည်းငယ် ရှုပ်ထွေးနေသည့်မို့  လမ်းသွားလမ်းလာများကတော့  ပြေးသူကပြေးနှင့် တစ်ချို့ဆို နီးစပ်ရာ အဆောက်အအုံ ထဲသို့ အပြေးအလွှား  ဝင်သွားကြလေသည်၊၊


ဒိုင်း!!  ဒိုင်း!!

ထပ်မံထွက်လာသော သေနတ်သံနှစ်ချက်သည်  တစ်ချက်က ဇေဗန်ဆီမှ ဖြစ်ပြီး တစ်ခြားတစ်ချက်သည် ခွန်းရစ်လွန်းရှန်ဆီမှပင်ဖြစ်၏၊၊ Zero ထံသို့ ချိန်ရွယ် ပြစ်လာသော သေနတ်ကို ရှောင်လိုက်နိုင်သည်ကြောင့်  ထိတော့မသွားပေမဲ့ ဇေဗန် ပြစ်ချက်ကတော့ တစ်ဖက်က ခွန်းရစ်လွန်းရှန်ဘေးနား၌ ရှိနေသော ကောင်လေး ၏ ရင်ဘတ်ကိုသွားထိလေသည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now