5(uni+zaw)

13.1K 706 57
                                    

နေ့လယ်ခင်း ထမင်းစားနားချိန်မလို့ Canteen ၌  ကျောင်းသူ ကျောင်းသားများက ရှုပ်ထွေးပွေလီ နေကြ၏၊၊ နေရာလွတ်မရှိလောက်အောင်ပင် ဘယ်နေရာကြည့်ကြည့် လူတွေက အပြည့်ပင် ၊၊ ထို့ပြင် ဒီလိုလူအုပ်ထဲမှာ လူတစ်ယောက်ကို ရှာဖို့ရာက နည်းနည်း  စိတ်ဒုက္ခရောက်ရသည်၊၊

ဟိုကြည့်ဒီကြည့်ဖြင့် အလိုရှိသော လူကိုရှာဖွေနေသည်မှာ  မိနစ်နှစ်ဆယ်ခန့်ပင် ကျော်လောက်နေပြီဖြစ်သည်၊၊  သို့ပေမဲ့ ဗမာ အလိုရှိသော လူကိုတော့ လုံးဝကို ရှာလို့မတွေ့ပေ၊၊ တဖြည်းဖြည်းနဲ့  ဆွဲဆန့်ထားရသော စိတ်တွေက  တိုဝင်လာပြီး သိပ်စိတ်မရှည်တော့ပေ၊၊  ဆူညံ့နေသော  နေရာပတ်ဝန်းကျင်နှင့်  ရှုပ်ယှက်ခတ် နေသော လူတွေကြောင့် ဗမာ ခေါင်းတောင်ကိုက်ခဲလာသလို ခံစားရသည်၊၊

"ဗမာ  မင်းဘာလုပ်နေတာလဲ ၊၊ထမင်းသွားစားမယ်လေ"

ဗမာ ပခုံးကို ဖက်လို့ ရှန်ရှန်က   အနားရောက်လာပြီး ထမင်းသွားစားဖို့ရန် ပြော၏၊၊ သို့ပေမဲ့  ဗမာကတော့ ဒီနေ့ Baby နဲ့ အတူစားဖို့  စားသောက်ဆိုင်ကြီးကို စားပို့ပြီး အစားအသောက်တွေ   လှမ်းမှာ  ထားပြီးပြီးဖြစ်သည်၊၊ ထို့ကြောင့်  Canteen မှာ ထမင်းဝယ်စရာမလိုတော့ပေ၊၊

"မင်းဘာသာသွားစားတော့ ငါသူငယ်ချင်းတစ်ယောက်ကို စောင့်နေတာ"

ဟုတ်လို့လား ဆိုသောအကြည့်နဲ့ကြည့်လာတဲ့ ရှန်ရှန်က ဗမာစကားကို သိပ်ယုံချင်ဟန်မပြ၊၊

"မင်း မာန်ထောင်လွှားကို  စောင့်နေတာလို့တော့  မပြောနဲ့နော်"

ငါသိနေတယ်ဆိုသော  ရှန်ရှန်၏ အကြည့်က အခိုင်အမာပင်ဖြစ်၏၊၊ တကယ်လည်း ဗမာက Baby လွှားကို လာစောင့်နေတာဖြစ်သည်၊၊ အရင် အထက်တန်း ကျောင်းတတ်တဲ့ အချိန်တုန်းက မနက်တိုင်း ကျောင်းအစောကြီးမလာတဲ့ ဗမာက  Baby နဲ့တွေ့ပြီးနောက်မှာတော့ ကျောင်းစောစောကြီးလာတတ်  လာသည်၊၊ထို့ပြင်  စောင့်ဆိုင်းရတာ မကြိုက်တဲ့ ဗမာက Baby ကိုတော့ အချိန်နာရီများစွာ စိတ်ရှည်ရှည်နဲ့ စောင့်နိုင်သည်၊၊

ကိုယ်ကို ကိုယ်ဘာဖြစ်နေမှန်း မသိပေမဲ့   Baby  ကြောင့်တော့ တစ်ခုခု ထူးဆန်းနေသည်ဆိုတာ သေချာနေ၏၊၊   တစ်နေ့တစ်နေ့  မာနခဲလေးကိုသာ မစရရင်  ဗမာ နေမထိထိုင်မထိ နဲ့ကို ဖြစ်လာတတ်သည်၊၊  ဒေါသထွက်လေ့ရှိသော ပုံစံလည်း  သဘောကျသလို   ဗမာ ကို အားနဲ့ပိတ်ထိုးလိုက်လည်း  သဘောကျရသည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now