37(uni+zaw)

12.4K 816 148
                                    

သာမန်လို နိုးထနေကြ မနက်ခင်းတွေနှင့်မတူပဲ   ဒီနေ့ မနက်ပိုင်းနိုးထမှုသည်  ကိုက်ခဲနာကျင်နေသော ကိုယ်၏ ခံစားချက်နဲ့အတူ နိုးထ၏၊၊   ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေသည့်အပြင်  လည်ချောင်းသည်လည်း  နာကျင်နေသည်ကြောင့် နိုးနိုးခြင်း  ဗမာ အရင်ဦးဆုံး တောင်းတမိသော အရာသည် ရေသာဖြစ်သည်၊၊


ကျိန်းစပ်နေသော မျက်တောင်းဖျားတွေကို တဖြတ်ဖြတ် ခတ်ရင်း  လေးလံနာကျင်နေသော ကိုယ်ခန္ဓာကို အားယူလျက် ဗမာ ထထိုင်လိုက်သည်၊၊ ပြီးနောက် အခန်း ပတ်လည်ကို ကြည့်ရူပြီး  ရေခရာ ရှိမရှိကို  ဗမာ ရှာကြည့်မိ၏၊၊


အိပ်ယာနိုးနိုးခြင်း ဘယ်အရာကိုမှ ဗမာ ဂရုမစိုက်အားပဲ  ရေခရာကိုသာ ကုတင်ပေါ်မှ ဖြည်းညင်း စွာဆင်းလျက် အားစိုက်ရှာနေမိသည်၊၊  လိုအပ်သည့် ပစ္စည်းသည် အသည်းအသန် လိုချင်လာလျှင် မရနိုင်သည်မှာ  ပုံမှန်လိုပင်ဖြစ်ပြီး   အခုအကြိမ်လည်း  ဗမာ သည် အခန်းအနှံ့သာ  လျှောက်သွားပြီးရှာပါသော်လည် ရေခရာကို ရှာမတွေ့ပေ၊၊


စိတ်ပျက်စွာဖြင့်  ရှုပ်ပွေပွနေသော  ကုတင်စွန်း၌  ဗမာ အသာဝင်ထိုင်လိုက်တော့  အောက်ပိုင်း အဓိကနေရာသည် ပူထူကျိန်းစပ်နေသည်ကို သတိထားမိ၏၊၊   ထိုနာကျင်ခံစားမှုကြောင့်   မနေ့ညက အဖြစ်အပျက်အား   ဗမာ တစ်ခန်းခြင်းကို အသေးစိတ် ပြန်မြင်ရတော့သည်၊၊

" ကျက်သရေမရှိတဲ့ကောင်  လုပ်တုန်းက စိတ်ကြိုက် လုပ်ပြီး အခုတော့ ‌ပြစ်ထားသွားတယ်"


မကျေနပ်ချက်များ  စုပုံလျက်  ဗမာနှုတ်ဖျားမှ   ထွက်လာသော စကားသည်အနည်းငယ် ရိုင်းပြသလို  လေသံသည်မှာလည်း တင်းမာ၏၊၊   စိတ်တိုစွာဖြင့် မိမိ ခန္ဓာကိုယ် ကို ဗမာ ပြန်ငုံ့ကြည့်မတော့  အဝတ်မကပ်သော ခန္ဓာကိုယ်၌   အနီးအကွက်အများအပြင် ခရမ်းပုတ်ရောင် အကွက်များလည်း နေရာအနှံ့ကို ရှိသည်၊၊

စုတ်ပြတ်နေသော မိမိပုံစံကြောင့်  ဗမာ သက်ပြင်းမော သာ ချလိုက်ပြီး  ရေချိုးသန့်စင်ရန်အတွက် ရေချိုးခန်းရှိရာသို့သာ လျှောက်လာခဲ့လိုက်တော့သည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now