23(uni+zaw)

12.3K 711 125
                                    

ကောင်းကင် ၌ လမင်း၏ အရောင်မှာ လျော့ပါးလာပြီး ကြယ်တွေသည်လည်း တဖြည်းဖြည်းနဲ့ တိုးတိမ်ပျောက်ကွယ်လာကာဖြင့်  ရှေ့အရပ်ဆီမှ နေမင်း၏ ရောင်ခြည်မှာ အလင်းရောင်ဖျော့ဖျော့တို့ကို စတင်၍ ဖြန့်ကျက် လွှမ်းမိုးလာခဲ့သည်၊၊  ဘယ်နေရာကိုပဲ ကြည့်ကြည့်  ချိုင့်ဝှမ်းချိုင့်ခွက်များ ဖြစ်နေသော သဲမြေများနဲ့ တောင်ပို့ပုံစံဖြစ်နေသော သဲတောင်ပို့အသေးတွေကိုသာ မြင်နေရသည်၊၊ 

မနက်ခင်းရောင်ခြည်လင်းစအချိန်၌   ရွက်ဖျင်တဲမှ လူအချို့က နိုးနေကြပြီဖြစ်ပြီး တစ်ချို့ကတော့  သဲလျော စီးခြင်းနှင့် ကုလားအုတ် စီးခြင်းတို့ကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်၊၊ Dubai ၏ သဲကန္တာရ ကို လာရောက်လာပတ်ကြသူအများစုသည်  သဲကန္တာရ ၌ ကုလားအုတ် နှင့်သဲလျောစီးခြင်းများကို အများဆုံးပြုလုပ်လေ့ရှိကြသည်၊၊


တစ်ဆထက်တစ်ဆ   နေ၏ အလင်းရောင်မှာ   စူးရှလာပြီး အချိန်သည်လည်း နံနက်7 နာရီခန့်သို့ရောက်ရှိလာခဲ့သည်၊၊  မနေ့ညထဲက  Hotel သို့ ပြန်မနေတော့ပဲ Zero တို့ ဒီက ရွက်ဖျင်တဲ မှာသာ အိပ်ဖြစ်ကြသည်၊၊  ထုံးစံ အတိုင်း  အစောကြီးနိုးလေ့ ရှိသော Zero ကတော့ နံနက် 5 နာရီလောက်ထဲက နိုးနေပြီး ရွက်ဖျင်တဲ အပြင်ဘက်သို့ ရောက်နေတာဖြစ်သည်၊၊ ရွက်ဖျင်တဲ ထဲ၌တော့ ခွန်းဗမာရစ် က အိပ်ကျန်နေခဲ့ပြီး အခုထိ ထွက်မလာသေးပုံ အရ အိပ်ယာမနိုးသေးဘူးထင်၏၊၊


"Leader  "


Zero မတ်တတ်  ရပ်နေသော နေရာနားသို့  နို့ခွက်တစ်ခွက်ကိုင်လျက် ဇေဗန်က ရောက်လာခဲ့သည်၊၊ ထို့နောက် Zero ဆီသို့ နို့ခွက်ကို  ကမ်းပေးလာ၏၊၊ကမ်းပေးလာသော  နို့ခွက်ကို Zero လှမ်းယူလိုက်ပြီးနောက်


"မနေ့က အောင်မြင်ခဲ့လား"


" Mission အကုန် အောင်မြင်ပါတယ် Leader   ၊၊ စောခါးမှိုင်းကို ကျုပ်တို့ ဧရိယာရဲ့ ရွက်ဖျင်တဲ ထဲမှာ ဖမ်းထားပြီးပါပြီ၊  ဒီကနေဆို  ကားနဲ့  မိနစ်20 လောက်တော့ မောင်းရပါလိမ့်မယ်"

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now