3(uni+zaw)

15.7K 713 142
                                    

မနက်ခင်းပိုင်းအချိန်မို့ လမ်းမထက် ဟိုဟိုဒီဒီ သွားလာနေသူများက အများအပြား၊၊   မီးပွိုင့်တွေ၌လည်း  ကျောင်းသားများနှင့် ရုံးဝန်ထမ်းများက အများအပြားကိုရှိနေ၏၊၊ တဖြည်းဖြည်း ကုန်ဆုံးလာသောအချိန်တွေက နည်းနည်းမြန်ဆန်နေဟန်ရှိသည်၊၊  ဘာလိုလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာလိုက်တာ  ဒီနေ့ဆို ကျောင်းတစ်ပတ် တောင်ပြီးတော့မည်၊၊

ကြပ်သိပ်နေသော ကားတွေလူတွေကြောင့်  ကျောင်းသွားလမ်းက အနည်းငယ် ကျန့်ကြာနေသည်၊၊  ရှန်ရှန်  ဆိုင်ကိုယ်နောက်၌ မျက်နှာ မသာမယာနဲ့ ထိုင်လိုက်လာသော ဗမာကို ဆိုင်ကယ်မှန်ကနေ တစ်ဆင့်မြင်နေရသည်၊၊ ကျောင်းတစ်ပတ်မှာ သုံးရက်လောက်က ပြေးနေသည်ကို  ဖေကြီးသိသွားလေတော့ မနေ့ညက  ဖုန်းခေါ်ပြီး ဗမာကိုဆူလေသည်၊၊ထို့ကြောင့် ဒီနေ့မနက် ဗမာ၏ မျက်နှာက  ထို့သို့မသာမယာဖြစ်နေတာဖြစ်သည်၊၊ ထို့ပြင်  ဗမာ၏ စီးနေကျဖြစ်သော ဆိုင်ကယ်ကို  ဖေကြီးက တစ်လတိတိ   သိမ်းလိုက်သည်ကြောင့် ဒီနေ့မနက်မှာ  ရှန်ရှန်ဆိုင်ကယ်နောက်သို့ ဗမာ က ရောက်နေရခြင်းဖြစ်သည်၊၊

"ဗမာ"

"လာမခေါ်နဲ့"

ဗမာ၏  ဆောင့်အောင့်ထွက်လာတဲ့အသံကြောင့် ရှန်ရှန်  ရယ်ချင်နေသော စိတ်ကို မနည်းထိန်းထားရသည်၊၊ ဆိုင်ကယ်စီးခွင့်လည်းပိတ်သည်အပြင် မုန့်ဖိုးပါ အဖြတ်ခံလိုက်ရသည့်ဗမာက   တော်တော်လေး တင်းနေဟန်ရှိသည်၊၊ ထို့ပြင် မနေ့က  မနက်ပိုင်းမှာ သုံးလတွဲလာခဲ့သော  စော်နဲ့လည်း  ပြတ်သွားသေးသည်၊၊  အခုရက် တွေ ကတော့ ဗမာအတွက်  ရက်ရာဇာ မဟုတ်ဘဲ ပြဿဒါး ရက်တွေဖြစ်နိုင်သည်၊၊

မီးပွိုင့်စိမ်းသွားပြီမလို့  ရှန်ရှန်စကားဆက်မပြောတော့ဘဲ ကျောင်းရှိရာသို့ မောင်းထွက်လာခဲ့သည်၊၊ ကျောင်းနဲ့ တိုက်ခန်းက တစ်မှတ်တိုင်လောက်သာ  ဝေး၏၊၊  ထို့ကြောင့်  ကျောင်းရှေ့ သို့ ခဏလေးပင်ရောက်လာခဲ့သည်၊၊  ကျောင်းရှေ့၌  ရှန်ရှန်  ဆိုင်ကယ်ရပ်လိုက်တော့  အနောက်ဘက်က ဗမာက  ဆောင့်အောင့်ပြီး လွယ်အိတ်ယူဆင်းကာပင် ကျောင်းထဲသို့ဝင်သွား၏၊၊ တော်တော်လေး  တင်းနေပုံရပြီး ထိုပုံစံကဘဲ ချစ်ဖို့ကောင်းနေပြန်သည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now