34 (uni+zaw)

10.9K 823 143
                                    

အကူအညီမပါပဲနှင့်  လွင်ပြင်ကျယ်ထဲကနေ ဇေဗန်တို့ ထွက်ခွာဖို့သည် ခက်ခဲ၏၊၊  သတိလစ်သွားသော Leaderသည် သွေးထွက်ဆုံးရှုံးမှုများလာနေပြီဖြစ်ပြီး    ကြာရင်တော့ အသက်အန္တရာယ် စိုးရိမ်ရနိုင်ခြင်းရှိသည်၊၊ တဖြည်းဖြည်းနှင့် အသက်ခပ်မျှင်မျှင်သာ ရှူတော့သော Leader ကြောင့် ဇေဗန် မှာ   ခြေမကိုင်မိလက်မကိုင်မိပင်ဖြစ် လာရတော့သည်၊၊ ဇေဗီယာသည် Leader ၏ ခန္ဓာကိုယ် ကို ကျောပေါ်ထမ်းတင်လျက်  တရွေ့ရွေ့နဲ့ပင်  ကားလမ်းမ  ရှိရာသို့ လျှောက်၏၊၊ ဇေဗန်သည် ကူတွဲချင်ပါသော်လည်း  တရွတ်တိုက်နေသော ခြေတစ်ဖက်ကြောင့် ဇေဗီယာနောက်ကနေသာ ခပ်ဖြေးဖြေးလိုက်နိုင်သည်၊၊

" ဇေဗီယာ  အဆင်ပြေရဲ့လား  မင်းဒဏ်ရာက  သွေးပိုစိမ့်ထွက်လာတယ်၊၊ ငါကူသယ်ရမလား "

Leader ကို ဆေးရုံတင်ဖို့ အမြန်ဆုံးလိုအပ်သည်ကြောင့် ခဏနား မလား ဆိုသော စကားကတော့  ဇေဗန်ပြောမထွက်ပေ၊၊ ဇေဗီယာသည် ဇေဗန်ကို တန်ပြန်ဖြေဆိုခြင်းကာ မရှိပဲ အရှေ့သို့သာ တရွေ့ရွေ့နဲ့ပင် ဆက်လျှောက်၏၊၊  ဇေဗီယာ၏ လက်မောင်းတစ်ဖက်မှ ဒဏ်ရာသည်  သွေးပိုစိမ့်ထွက်လာသည်ကို ဇေဗန် တွေ့ပေမဲ့လည်း  နားဖို့အကြောင်းတော့ စကားမစမိချေ၊၊ အခုအချိန်သည် Leader ကို ဆေးရုံပို့ဖို့က ပိုအရေးကြီးသော အချိန်ပင်ဖြစ်သည်၊၊ထို့ကြောင့်  နှောင့်နှေးနေလို့တော့မရပေ၊၊


" အဟွတ်  ဟွတ်!!"


ဇေဗီယာကျောပေါ်က Leaderသည် ရုတ်တရက် ချောင်းထဆိုးလျက် သွေးများအန်ထုတ်လာခဲ့သည်၊၊ ထို့ကြောင့် ဇေဗီယာသည်   ခဏရပ်လျက် ကျောပေါ်က Leaderကို အောက်သို့ချကာ ကြည့်ရ၏၊၊ အတွင်းကြေဒဏ်ရာတွေရထားသော Leaderသည် ကိုယ်တွင်းမှ သွေးများ အန်ထွက်လာခြင်းဖြစ်ပြီး ဆေးရုံသို့ အချိန်မီ မရောက်နိုင်လျှင် အခြေအနေဆိုးနိုင်သည်  ၊၊ ထို့ပြင် ခန္ဓာကိုယ် အနှံ့ဒဏ်ရာတွေမှ သွေးထွက်မှုနှုန်းသည်လည်း ရှိသေးသည်မလို့  Leader သည် သွေးဆုံးရှုံးမှု အတော်များနေပြီဖြစ်၏၊၊ထို့နောက်  Leader ပါးစပ်ဘေးနားမှရသွေးစတို့ကို သုတ်ပေးပြီးနောက်     ဇေဗီယာ  ကျောပေါ်သို့ ပြန်တင်ရင်း လမ်းဆက်လျှောက်လာခဲ့ကြသည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now