10(uni+zaw)

12.3K 619 150
                                    

နေ့ခင်းမွန်းတည့်ချိန်ဖြစ်သော်လည်း မိုးအုံပြီးတိမ်မဲတွေကအလိပ်လိပ်ထူနေသည်ကြောင့်  နေရောင်ပျောက်လျက် ရာသီဥတုသည်က ခပ်မှိုင်းမှိုင်း၊၊ မိုးသည်ရွာမလိုလိုနဲ့ပင် မရွာချပဲ မနက်ထဲက  မိုးအုံနေသည်မှာ အခု နေ့လယ်ထိပင်ဖြစ်သည်၊၊  လေပြင်းတွေကလည်းတိုက်ခတ်နေသည်ကြောင့်  နေရထိုင်ရသည်မှာ အနည်းငယ်  အေးစိမ့်စိမ့်ရှိလှသည်၊၊


အရင်က လုပ်ကြံမှု ဖြစ်ပွားခဲ့သော ကျောင်းနောက်ဘက်က  လမ်းကို  ပိတ်စို့ထားခဲ့သော်လည် အခုတော့ ပြန်ဖွင့်လိုက်သည်ကြောင့်   တိတ်ဆိတ်ပြီးအေးချမ်းတဲ့ ကျောင်းနောက်ဘက်လမ်းကို Zero ပြန်၍ အခြေချဖြစ်ခဲ့သည်၊၊ လူသွားလူလာ ရှင်းပြီး အေးချမ်း စွာရှိလှသော ဒီနေရာက  Zero တစ်ယောက်ထဲသာ နေ့စဥ်လာတတ်သော နေရာဖြစ်သည်၊၊ တစ်ခါတလေ   law ကလည်း Zero ရှိသော ဒီနေရာကို ရောက်ရောက်လာတတ်သည်၊၊


နေ့ခင်း ထမင်းစားနားချိန်၌  ကျောင်းနောက်ဘက်က  လမ်းသို့ Zero ထွက်လာခဲ့သည်၊၊ ထိုင်နေကျဖြစ်သော  အပင်ကြီးအောက်က ခုံတန်းလျား၌ ဝင်ထိုင်လို့  ဥပဒေနဲ့ပက်သက်သော စာအုပ်ကို လေ့လာဖတ်ရှူနေမိသည်၊၊ 


ပုဂံကပြန်လာပြီးတဲ့နောက်ပိုင်း  ဆက်လုပ်ရမည် ကိစ္စက မင်္ဂလာ ပွဲဖျက်ပေးရန်သာရှိ၏၊၊  ထို မင်္ဂလာ ပွဲက သဘက်ခါနေ့မလို့ Zero ဒီည ထဲက လိုအပ်သော ကိစ္စ ရပ်များကိုစိစစ်လျက် သေချာပြင်ဆင်ထားရမည်၊၊ ဦးဟန်ကိုတော့ ကူညီပေးမယ်လို့အကြောင်းမကြားရသေးပေမဲ့လည်း   လုပ်ပေးရမဲ့ တာဝန်က ရှိနေမှန်း  Zero ကောင်းကောင်း နားလည်သည်၊၊


လေပြင်းများတိုက်ခတ်နေသည်ကြောင့် သစ်ပင်ကြီးငယ်များက လေနဲ့အတူ ယိမ်းနွဲ့လျက်ရှိ၏၊၊ မိုးမရွာသေးပေမဲ့လည်း လေထု၏ သယ်ဆောင်လာသော မြေသင်းရနံ့က  ခပ်သင်းသင်း၊၊  မြန်မာ၌ Zero သဘောအကျဆုံးရနံ့ကတော့ သဘာဝအလျောက် ထွက် ထွက်လာတတ်သည့် မြေသင်းရနံ့လေးပါပဲ၊၊ ပုဂံကိုရောက်တုန်းကလဲ မပြန်ခင် ညနေပိုင်းမိုးတဖြောက်ဖြောက် ခဏရွာချပြီးနောက် ထွက်လာသော  မြေသင်းရနံ့လေးက လှိုင်းလှိုင်းထလျက်  တစ်မျိုးတစ်မည်သော ခံစားချက်အသစ်အစွမ်းကိုရသည်၊၊ ထို့နေ့ ညနေ့ပိုင်းက  law နဲ့အတူ   မြေသင်းရနံ့လေးကို ရှူရှိုက်ရင်း Zero    လမ်းထွက်လျှောက်ဖြစ်ခဲ့ပါသေး၏၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now