8(uni+zaw)

11.6K 568 175
                                    

တစ်နေ့ပြီးတစ်နေ့ စားမေးပွဲဖြေဆိုလာသည်မှာ နောက်ဆုံးရက်ကို ရောက်လာခဲ့သည်၊၊ စာရထားတဲ့လူမို့ စာမေးပွဲဖြေဆိုရာ၌ အခက်အခဲ ရယ်လို့တော့မရှိပေ၊၊ ဖြေဆိုပြီးသွားသော စာရွက်အဖြေလွှာကို အတန်းစောင့် ဆရာမဆီကို အပ်ပြီးနောက် ဗမာ အခန်းထဲကနေ ထွက်လာခဲ့သည်၊၊

စာမေးပွဲပြီးဆုံးပြီမလို့ ဦးနှောက်ထဲကနေ စာတွေကို ဘေးသို့ခဏဖယ်ထားလို့ရလေပြီ၊၊ အတန်းထဲကနေ ကျောင်း၏ ဆိုင်ကယ်များ ရပ်နားရာနေရာသို့ ဗမာ ထွက်လာခဲ့ရင်း အတွေးထဲလည်း နယ်ချဲ့မိပြန်၏၊၊ Babyကို သွားမတွေ့ပဲ ကိုယ်ခံစားချက်တွေ သေချာအောင် အထပ်ထပ်အခါခါ ဗမာ ပြန်စစ်ဆေးနေမိသည်မှာ အကြိမ်ကြိမ်အခါခါ၊၊ ဘယ်နှစ်ကြိမ်ပဲ မိမိစိတ်ခံစားချက်တွေကို စစ်ဆေးပါစေ ရရှိလာသောအဖြေက စကားလုံးနှစ်လုံးထဲသာ ရှိသည့် အဖြေတစ်ခုထဲပင်ဖြစ်၏၊၊

စာမေးပွဲတစ်ဖက်နဲ့အတူ လွမ်းခဲ့ရတဲ့ ကောင်လေးက ဗမာ ရင်ထဲမှာ တစ်ဆထက်တစ်ဆ တိုးဝင်လာရင် အမြစ်တွယ်ကပ်လာလေပြီ၊၊ ဘယ်သူကိုမှ မချစ်မိချင်တဲ့စိတ်နဲ့ တွဲမိခဲ့တဲ့လူတိုင်းကို ပေါ့ပျက်ပျက်လိုပဲ သဘောထားခဲ့တာ၊၊သို့သော်အခုတော့ မတိုးဝင်ချင်သော အချစ်တစ်ခုမှာ ဗမာက နစ်မြုပ် နေ‌ခဲ့ပြီ၊၊ ပြောပြီးသားစကားတွေကို ပြန်ပြင်ဆင်လို့မရတော့သလို နှလုံးသားထဲ ကျွံ့ဝင်ပြီးသားဖြစ်သွားသည့် လူတစ်ယောက်ကိုလည်း ပြန်ဆွဲထုတ်ဖို့က မလွယ်ကူလှချေ၊၊


တည်တင်းတဲ့မျက်နှာနုနုကို မမြင်ရပဲ baby ၏ နာမ်စားလေးကြားလိုက်ရတာနဲ့တင်ကို အရူးလိုမျိုး စိတ်လိုလက်ရ ပြုံးနေမိသည်မှာ မထိန်းနိုင်မသိမ်းနိုင်၊၊ baby ဆီသွားမတွေ့ခဲ့ဘဲ ရှောင်နေခဲ့တဲ့ နေ့တွေမှာ တမြေ့မြေ့လွမ်းရင် ဆွေးရင်းဖြင့် အသက်ရှင်နေသောလည်း စိတ်ဝိညဥ် သေနေသော လူတစ်ယောက်လို့သာ ဗမာ နေ့ရက်တိုင်း ဖြတ်သန်းခဲ့ရသည်၊၊ စတင်ပြီး အချစ်ဆိုသော သစ်လွင်တဲ့ ခံစားချက်က baby ကြောင့်ပင် သေချာဂန စွာ ခံစားတတ်လာခဲ့သည်၊၊

မိမိပုံတောင် တစ်ပုံတစ်လေ ရိုက်မထားခဲ့တဲ့ ဖုန်းထဲ အခုများတော့ ခိုးရိုက်ထားသော baby ၏ ပုံတွေကသာ ပြည့်နက်နေသည်၊၊ လွမ်းတိုင် ထုတ်ကြည့်မိသလို ဖုန်းဖွင့်တိုင်း screen ထက်ပေါ်လာသည့် baby၏ မျက်နှာက ရင်ထဲအသဲထဲကို နွေးထွေးမှုစီးဆင်းစေတာအမှန်

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now