35(uni+zaw)

11.5K 822 307
                                    

ဒေါက် ဒေါက်!!!!


" သားဗမာ   ပြင်ဆင်ပြီးရင် အိမ်အောက်ဆင်းလာတော့နော် ဖေလွန်းတို့နဲ့ မနက်စာ အတူစားရအောင်"


"သားခဏနေ လာခဲ့မယ် ဖေလွန်း"


တံခါးခေါက်သံနဲ့ ဖေလွန်း၏ စကားသံကို ကြားမှပင် ဗမာ အိပ်နေရာမှ လန့်နိုးလာခဲ့သည်၊၊ မနေ့ညက  ညအတော်နက်မှ အိပ်ဖြစ်သွားတာမို့ ဒီမနက် အိပ်ရာ ထချိန်သည် နောက်ကျသွားခြင်းဖြစ်၏၊၊


ရုံးတတ်ဖို့အတွက် အချိန် တစ်နာရီခွဲလောက်သာ လိုတော့သည်မို့  ဗမာ အလုပ်သွားဖို့ပြင်ဆင်ခြင်းကို အမြန်ဆုံးလုပ်ရမည်ဖြစ်သည်၊၊


ဗမာ၏  ခန္ဓာကိုယ် သန့်ရှင်းရေးနှင့် ဖြီးလိမ်းပြင်ဆင်မှုတို့သည် နာရီဝက်လောက်အကြာမှာ ပြင်ဆင်ပြီးသွားခဲ့၏၊၊ ထို့နောက်  ကိုင်နေကျဖြစ်သော လက်ဆွဲအိတ်ကို ယူပြီး  ဗီရို ထဲမှ အပေါ်ကုတ် အင်္ကျီ ကို ယူလျက် အခန်းထဲကနေ ဗမာ အမြန် ထွက်လာခဲ့တော့သည်၊၊

ဗမာ အိမ်အောက်သို့ ဆင်းလာတော့  ထမင်းစားခန်းထဲ၌ စကားပြောနေသော ဖေလွန်းတို့၏ အသံတွေကို ကြားရ၏၊၊ ထိုအသံတွေထဲ ရှန်ရှန်၏ စကားသံသည်လည်း ရောထွေးပါသည်မလို့  ဒီနေ့တော့ ရှန်ရှန်သည် မနက်စာ စားဝိုင်း၌ လာဝိုင်းထိုင်ခြင်းဖြစ်ရမည်၊၊

မိသားစုအစုံအလင်းနှင့် စားရသော မနက်စာ စားဝိုင်းသည် အလွန် ရှား၏၊၊ အမြဲတမ်း တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အလုပ်ကိစ္စ ကြောင့် မနက်စာ မစားဖြစ်ပေ၊၊  သို့ပေမဲ့ ဒီနေ့တော့ မနက်စာစားဝိုင်း၌ မိသားစု အစုံအလင် ရှိနေပြီဖြစ်သည်၊၊


" သားကြီး  ဒီဘက်လာထိုင်"


ဗမာ ထမင်းစားခန်းထဲဝင်လာတော့  ဖေကြီးသည် သူဘေးနားက ခုံကို လာထိုင်ရန် လက်ဟန်ပြ၏၊၊ ထို့ကြောင့် ဗမာလည်း ဖေကြီးဘေးနားက ခုံအလွတ်၌ ဝင်ထိုင်လိုက်သည်၊၊


အငွေ့တထောင်းထောင်းထနေသော မနက်စာသည် မုန့်ဟင်းခါးပူပူလေး ဖြစ်၏၊၊  ဗမာ ရှေ့သို့ အိမ်အကူဒေါ်ကြီးသည်  မုန့်ဟင်းခါးတစ်ပွဲနှင့်  နံနံပင် အကြော်စုံ ပန်းကန်ကို လာချပေးသည်၊၊  ငါးနံ့ သင်းသင်းလေး ထွက်နေသော မုန့်ဟင်းခါးသည် ဘဲဥဖက်တွေလည်း များသေး၏၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now