36(uni+zaw)

20.4K 904 356
                                    

" ငါမင်းကိုရအောင် မေ့မှာ  လူယုတ်မာ!"

"အော် ဟုတ်လား"


ဗမာ အနောက်ဘက်မှ ခပ်သြသြထွက်လာသော စကားသံကြောင့် လှည့်ကြည့်မိသည်၊၊ မီးရောင် မှိန်မှိန်အောက်  ထင်းထွက်နေသော တစ်ဖက်လူ၏ မျက်ဆန်ဝါသည် ဗမာ ကို တုန်လှုပ် ခြောက်ချား စေ၏၊၊  သားရဲတစ်ကောင် အမှောင်ထဲ၌ ရပ်နေသော အလားတူ ပုံစံမျိုးနှင့် ဗမာ နဲ့ ရင်းနှီးနေသော ထိုမျက်ဆန်ဝါတွေရှိသည့် လူကလဲ သားရဲသဖွယ်ပင်  ရှိသည်၊၊ 


အေးစိမ့်စိမ့်နှင့် တစ်ချက်ဝှေ့တိုက်သွားသော လေညှင်းသည် အလွန်ညှင်သာပြီး  ပွက်ပွက်ဆူ ခုန်လှုပ်နေသော ဗမာ ၏ သွေးကြောမျှင်တွေကိုပါ တိုက်စားသွားဟန်ရှိသည်၊၊  ခပ်လှမ်းလှမ်းအနေအထားကနေ လှမ်းမြင်နေရပေမဲ့  ထိုလူ၏  အငွေ့အသက်နဲ့တင်  မည်သူဖြစ်ကြောင်း ဗမာ သေချာစွာ ပြောလို့ရနေ၏၊၊

ရွှေရောင်အနားကွပ်ထားသော မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မျက်ဆန်ဝါကို တစ်ဖက်သာ ဖော်ထားသော ပုံစံသည်  လွန်ခဲ့သော နှစ်တွေတုန်းက ပုံစံနှင့် ကွဲပြားသောလည်း တစ်မျိုးတစ်ဖုံတော့ ဆန်း သစ်၏၊၊

အကြည့်ချင်း ဆုံမိလျက် ရပ်နေသည်မှာ အချိန်တစ်ခုကြာသည်အထိဖြစ်ပြီး ဗမာ ဘက်ကလဲ လှုပ်ရှားခြင်းမရှိသလို သူဘက်မှလည်း တစ်စုံတစ်ရာ  လှုပ်ရှားလာခြင်းမရှိပေ၊၊  ပတ်ဝန်းကျင် သည် တိတ်ဆိတ်နေသော လည်း  ရင်တွင်းထဲ၌တော့ မီးတောင်ပေါက်ကွဲသလိုပင် လှုပ်ခတ်မှုသည် အတော်လေး ပြင်းထန်သည်၊၊


ဗမာ မေ့ပြစ်ဖို့ မနည်းခက်ခက်ခဲခဲ ကြိုးစားနေချိန် အရင်လို မျက်နှာကြောမျိုးနဲ့ ပြန်ပေါ်လာသော လူက တကယ်ကို ရက်စက်လှသည်ဟုပဲ ဆိုရမည်လား၊၊  ဗမာ ကမ္ဘာ က  ပြီးခဲ့သော 3 နှစ်အတွင်း ယိုယွင်း ပျက်စီးနေခဲ့ပေမဲ့  တစ်ခြား တစ်စုံတစ်ယောက်၏ ကမ္ဘာကတော့ အေးချမ်းစွာပင် ရှိနေပုံရသည်၊၊

အတိတ်က အဖြစ်အပျက်တွေ သည် ဗမာ ဦးခေါင်းထဲသို့ တစ်ကျော့ပြန်လည်၍ တဖြည်းဖြည်းပေါ်လာသည်ကြောင့်  နာကျင်မှု မှသည် ဒေါသအဖြစ်သို့ ကူးပြေင်း၏၊၊  စိတ်မနာလည်း စိတ်နာချင်ယောင်ဆောင်ရမည်ဖြစ်သလို  မသန်မာလည်း သန်မာချင်ယောင်ဆောင်ရမည်ပင်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now