27(uni+zaw)

12.9K 908 304
                                    

လက်မှတ်ထိုးပြီးတဲ့ နေ့မှစ၍ လွှားကို မတွေ့ရတော့သည်မှာ တစ်ပတ်လောက်ပင်ရှိတော့မည်ဖြစ်၏၊၊ ဒီပတ်ဝန်းကျင်နဲ့ မိမိအခန်းမှာသာ ဗမာ လျှောက်ပတ်သွားနေရသည်မှာ ကြာတော့ ပျင်းခြောက်လာလေသည်၊၊ ရင်ထဲ မရှင်းသော မေးခွန်းတွေကို လွှား ဗမာ ဆီသို့ရောက်လာချိန်၌ မေးစမ်းကြည့်မည်ဟု တွေးထားသော်လည်း နေနိုင်ရက်သော လွှားကတော့ ဗမာ ဆီသို့ တစ်ကြိမ်တစ်ခါသော်မျှ လာရောက်ခဲ့ခြင်းမရှိပေ၊၊

နေ့စဥ်အတွေးပေါင်းများစွာနဲ့သာ အချိန်တွေ ကုန်ဆုံးနေမိပြီး တစ်နေ့ပြီးတစ်နေ့ ပျင်းရိခြောက်သွေ့စွာသာဗမာ ဖြတ်သန်းနေခဲ့ရသည်၊၊ ရုန်းထွက်လို့မရနိုင်သော နယ်မြေတစ်ခုထဲသို့ ဗမာက ကျရောက်သွားသလိုမျိုး နွံ့ထဲသို့ပဲ နစ်ဝင်သွားသလိုမျိုးနဲ့ ဒီအရပ် ဒီဝန်းကျင်ကနေ မလွတ်မြောက်နိုင်ပဲကိုရှိ၏၊၊

ရင်နှီးနေသော အငွေ့အသက်တွေရှိသည့် လွှား၏ ကိုယ်ပိုင်အခန်းထဲသို့ ဗမာ ခဏခဏ အရောက်သွားဖြစ်သော်လည်း ပိုင်ရှင်မနေတာ ကြာသော်အခန်းငယ်ကတော့ အေးစက်မှုတွေကသာ လွမ်းခြုံနေခဲ့သည်၊၊

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သောမဗာ လွှား၏ အခန်းထဲသို့ ခြေချမှု၊၊ မစိမ်းသက်နေသော နေရာက မိမိကိုယ်ပိုင်အခန်းလိုပင်ဖြစ်ပြီး ဒီအခန်းအနှံ့ ဗမာ ခြေဆန့်ပြီးပြီးဖြစ်၏၊၊ ဒီရက်တွေမှာ လွှားကို သတိရတိုင်း လွှားဖတ်နေကြဖြစ်သော စာအုပ်တွေကိုသာဖတ်ကြည့်ဖြစ်ပြီး sad ending ကြောင့် မျက်ရည်လည်ရွဲ လည်း ဖြစ်ခဲ့ရသည်၊၊

ဂျက်ဆင်လ် ပြောသလိုပါပဲ လွှားအခန်းထဲ၌ ရှိသော စာအုပ်စင်အသေးလေးထဲ sad ending ဖြစ်သော စာအုပ်တွေသာ ရှိနေပြီး happy ending ဖြစ်သော စာအုပ်တစ်အုပ်မျှပင် ရှိမနေချေ၊၊

နှလုံးသားမရှိတဲ့လူ အသည်းမာတဲ့လူ အေးစက်တဲ့လူ နူးညံ့ခြင်းနဲ့ မကိုက်ညီတဲ့လူ အနာတရနဲ့ ဒဏ်ရာသာ ပေးတဲ့လူ ဒါပေမဲ့လည်း ထိုသို့သော လူကိုမှ ဗမာ မှာ နစ်နစ်ကာကာကို ချစ်နေရ၏၊၊


စာအုပ်စင်ရဲ့ တစ်ဖက်ဘေး၌ ရှိသော စားပွဲခုံနား၌ ဝင်ထိုင်ကာဖြင့် ဗမာ သက်ပြင်းချရင်းသာ အတွေးများမိပြန်သည်၊၊ ဒီအချိန်ဆို လွှားဘာတွေ များ လုပ်နိုင်နေလောက်မလဲ၊၊ ပျောက်နေသော လွှားကိုလဲ တစ်ဖက်တွေးပူရသလို အဆက်အသွယ် မရသော ဖေကြီးတို့ကိုလည်းစိတ်ပူရပါ၏၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now