24(uni+zaw)

12K 654 115
                                    

ကျွီ!..

တံခါးဖွင့်သံခပ်တိုးတိုးက ထွက်ပေါ်လာပြီး    တိတ်ဆိတ်နေသော အခန်းအတွင်းသို့  လူတစ်ယောက်က ခြေသံငြိမ်ငြိမ်နဲ့ပင် လျှောက်ဝင်လာ၏၊၊ အချိန်သည်ကား ည 8 နာရီလောက်ရှိနေသည်မို့  အခန်းပိုင်ရှင်ကတော့ ကုတင်ထက်၌ နှစ်ခြိုက်စွာပင် အိပ်မော ကျနေလေသည်၊၊

  အဲကွန်း၏ အရှိန်ကြောင့် အေးစက်နေသော အခန်းအတွင်း  ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေသော လူသည်လည်း ကုတင်ဘေးနားသို့ တရွေ့ရွေ့နဲ့ပင်  တိုးကပ်ရောက်ရှိလာခဲ့သည်၊၊
 

"ခွန်းဗမာရစ်   ထစမ်း!!"

လည်းပင်းအင်္ကျီစမှ ဆွဲဆုပ်ခံလိုက်ရပြီ ခန္ဓာကိုယ်သည်လည်း အကြမ်းပတမ်း ဖြင့်ဆွဲထူခံလိုက်ရတာမလို့  အိပ်ပျော်နေခြင်းကနေ ဗမာ လက်ရှိသို့ အသိပြန်ဝင်လာခဲ့သည်၊၊  ကုတင်ဘေးက မီးအိမ်၏ အလင်းရောင်အကူဖြင့်  ခပ် မှိန်မှိန်မြင်နေရသော ဒက်ခရစ်၏ မျက်နှာက ဗမာ မျက်လုံးဖွင့်လိုက်သည်ဆိုရင်ပဲ တန်း၍ ပေါ်လာ၏၊၊

မီးမှိန်မှိန်ကြားမှ စူးရဲနေသော အဝါရောင်မျက်ဆန်တွေက ဒေါသထွက်နေကြောင်းကိုပြသနေပြီး  တင်းမာခက်ထန်နေသော မျက်နှာထားကတော့  တစ်ဖက်လူအား စွဲဖြဲထုတ်လိုက်ချင်နေသော အနေအထားမှာရှိ၏၊၊


"မင်း   ဒက်ခရစ် "


"စောခါးမှိုင်းနဲ့ ခင်ဗျား က ဘာတွေလဲ!"


လည်ပင်း မှ အင်္ကျီ စကို ဆွဲဆုပ်ကိုင်ထားရမှ တဖြည်းဖြည်းနဲ့ ဗမာ လည်ပင်းသားစီကို ခပ်တင်းတင်းပင်  ဒက်ခရစ်က အားနဲ့ ညစ်လာခဲ့သည်၊၊    လည်ပင်းညစ်ခံထားရမှုကြောင့် ဗမာ မှာ တအစ်အစ် အသံသာ ထွက်နိုင်ပြီး  ဘာစကားမှ မဆိုနိုင်ချေ၊၊


"လွှတ် အစ်   အင့်    လွှတ် ...ပေး.."

လည်ပင်းမှ ဖိညစ်ထားသော ဒက်ခရစ်၏ လက်ကို ဗမာ ဆွဲခါထုတ်သောလည်း မရသည့်အပြင် ထုရိုက်နေသော်လည်း လုံးဝ ဖယ်ခွာသွားခြင်းမျိုးမရှိပေ၊၊ ဗမာ၌ ဒက်ခရစ်ကို မေးချင်သည့်  မေးခွန်းပေါင်းများစွာ ရှိပြီး သေချာလေး မျက်နှာချင်းဆိုင် ထိုင်ကာ အသေးစိတ် ကို မေးမြန်းကြည့်ချင်သည်၊၊ သိူ့သော် အခု ဒက်ခရစ်၏ ပုံစံအရ  လုံးဝ မေးမြန်းလို့ရမည်မဟုတ်ပဲ  ဗမာ ကိုသာ နှိပ်စက်ဖို့တွေးထားဟန်ရသည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now