28(uni+ zaw)

11.4K 728 178
                                    

မြင့်မားသော အထပ်မြင့်အဆောက်အအုံ၏ အပေါ်ဆုံးထပ်၌  ဥက္ကဋ္ဌ ၏အခန်းကျယ်ထဲ မျက်နှာချင်းဆိုင် ထိုင်နေသော လူနှစ်ယောက်ရှိလေသည်၊၊  တစ်ဖက်ကထိုင်နေသောလူမှာ သက်လတ်ပိုင်း ယောကျ်ား တစ်ယောက်ဖြစ်ပြီးကျန်တစ်ဖတ်၌တော့ လူငယ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်၏၊၊

မျက်နှာချင်းဆိုင်လျက်  ခွဲစိတ်ဆရာဝန်ကြီးနဲ့ Zero ဆွေးနွေးနေသည်မှာ အချိန်တစ်ခုထိပင်ကြာလာပြီဖြစ်သည်၊၊  နည်းနည်းလည်း အခြေအတင်ဖြစ်နေကြသေးသည်မို့  မကြာသင့်သော အချိန်မှာ ကျန့်ကြာနေရသည်၊၊

"အိမ်ထောင်ဦးစီးဖြစ်တဲ့  ခွန်းဗမာရစ်  ယောကျ်ား  ကျုပ် လက်မှတ်ထိုးပေးရင် ရပြီမလား"

"လူနာရဲ့ လက်မှတ်လည်းလိုတယ်၊၊  သေချာပြောရရင်တော့  ခွဲခန်းဝင်မဲ့ လူနာရဲ့  လက်မှတ်က ပိုအရေးကြီးတယ်  မစ္စတာ Zero"

ခေါင်းမာလွန်းသော  ဆရာဝန်ကြောင့် Zero စိတ်တွေ ရှုပ်ထွေးလာပြီဖြစ်၏၊၊  ဟိုလို လုပ်ပါ  ဒီလိုလုပ်ပါနဲ့ ပြောနေသော ဆရာဝန်ကို  အသက်ပျောက်အောင် လုပ်ပြစ်လိုက်ချင်ပြီဖြစ်သည်၊၊ သို့သော် ခွဲစိတ်ဆရာဝန်ထဲ ဒီဆရာဝန်က စိတ်အချရဆုံးမို့ Zero စိတ်တွေ ကို ဆွဲဆန့်ထားရသည်၊၊

"ထွက်သွားတော့"

"မစ္စတာ Zero   ခွဲရမဲ့ရက်...."

" Get Out!!"

မြှင့်အော်လိုက်သော အသံအဆုံး ဆရာဝန်က Zero ကို ခေါင်းငုံ့ပြီးတာနဲ့ ထွက်သွားတော့သည်၊၊ ထို့နောက် မကြာခင်  Zero အရှေ့သို့ ဇေဗန်က ရောက်လာခဲ့သည်၊၊

"Leader  ကျော်ဇော်က   တွေ့ဖို့ ရက်ချိန်းတောင်းထားပါတယ် ၊၊ ဆွေးနွေးစရာ ရှိတဲ့ ပုံပါပဲ"

"နောက်လထဲ ချိန်းလိုက်"

မျက်ခုံးတန်းနှစ်ခုကြား ကို လက်ဖြင့် ဖြေလျော့နေသော Leader၏ ပုံစံကို ဇေဗန် ကြည့်ရသလောက်တော့ ပင်ပန်းနေပုံရသည်၊၊   Leader  ကောင်းကောင်းမအိပ်သော ရက်မှာ ဘယ်နှစ်ရက်တောင်မှ ရှိနေပြီလဲ၊၊  သိပ်မလန်းသလိုဖြစ်နေသော Leader က  stress တွေ ပိနေသည်ထင်၏၊၊

ခွန်းဗမာရစ်  ကိစ္စလည်း  ရှိသလို  မာဗာရစ်နဲ့  မာန်ဟုန်မှိုင်းရဲ့ ကိစ္စတွေအပြင် fox ဂိုဏ်းနဲ့ အခြေအတင် ကိစ္စလည်းရှိသေးသည့်မလို့  Leader အတော်လေး ခေါင်းစားနေမှာ သေချာ၏၊၊  ဇေဗန်လို Leader ညွှန်ကြား ချက် အတိုင်းပဲ လုပ်နေရတာတောင် မနားမနေ နဲ့ ခေါင်းပူအောင် လုပ်နေရပြီး လုပ်ငန်း ပေါင်းများစွာကို ချုပ်ကိုင်ထားသော Leader ဆိုရင် တော့ ပိုပြီးတော့တောင် ဆိုးပါလိမ့်မည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now