4(uni+zaw)

13.9K 687 115
                                    


မနက်ပိုင်းအစောကြီးထတတ်တဲ့အကျင့်ကြောင့် ဒီနေ့လည်းဘဲ မနက်5 နာရီဆိုတာနဲ့ မျက်လုံးတွေက သူအလိုလိုပွင့်လာခဲ့သည်၊၊ ဆက်အိပ်လို့မရမှန်း Zero ကိုယ်ကို ကိုယ်သိနေ၍ အိပ်ယာမှထလျက် အခန်းပြင်သို့ထွက်လာခဲ့သည်၊၊ ထို့နောက် ရေ ချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်သည်၊၊ပြီးနောက် အခန်းထဲသို့ပြန်ဝင်ပြီး ကုတင်ဘေးက စာကြည့်စားပွဲ၌ တင်ထားသော ဖုန်းနဲ့ပိုက်ဆံအိတ်ကို ဘောင်ဘီအိတ်ကပ်ထဲသို့ထည့်လိုက်ပြီး Zero အခန်းထဲကနေပြန်ထွက်လာခဲ့သည်၊၊

မနက်တိုင်း ဒီတိုက်ခန်းနဲ့နီးသော ပန်းခြံငယ်၌ Zeroလေ့ကျင့်ခန်းလုပ်လေ့ရှိသည်၊၊ပြီးနောက် မနက်စာ စားပြီးမှသာ တိုက်ခန်းသို့ပြန်လာတတ်သည်၊၊ ဒါကတော့ မြန်မာကို စရောက်ထဲက zero လုပ်လေ့ရှိသော အလေ့အကျင့် တွေပင်ဖြစ်၏၊၊

လေ့ကျင့်ခန်းလုပ်ရန်အတွက် ဂျိုင်းပြတ်အင်္ကျီခဲရောင်နှင့် ဘောင်းဘီ အတိုကိုသာ Zero ဝတ်ဆင်လာခဲ့သည်၊၊ တိုက်ခန်းထဲမှစထွက်လာတော့ မနက်အချိန်က 5 ခွဲပင်ဖြစ်နေချေပြီ၊၊ ဝေလီဝေလင်း လေးဖြစ်ပြီး မိုးရာသီမို့လားတော့မသိ နည်းနည်းအေးစိမ့်စိမ့်ရှိ၏၊၊ လမ်းမကြီး၌ တစ်ခါတလေ မှဖြတ်သွားသော ကားအနည်းငယ်ကလွဲ၍ လူရှင်းနေလေသည်၊၊

တိုက်ခန်းမှနေစ၍ ပြေးလာခဲ့သည်မှာ ပန်းခြံငယ်အနားသို့ပင်ရောက်လာခဲ့သည်၊၊ ပန်းခြံထဲ၌ Zeroနည်းတူ လေ့ကျင့်ခန်းလုပ်နေသော လူအချို့ကိုတွေ့ရသည်၊၊ စိမ်းစိုနေသော အပင်ကြီးများနှင့် မြက်ခင်းစိမ်းစိမ်းတွေက လတ်ဆတ်သော အောက်စီဂျင်ကို အပြည့်အဝ ထုတ်လွှတ်ပေးနေဟန်ရှိပြီး လေထုကလည်း အေးမြမြနဲ့ပင် နေရထိုင်ရတာ သက်တောင့်သက်သာရှိလှသည်၊၊

တဖြည်းဖြည်းတိုက်ခတ်နေသော မနက်ခင်းရဲ့ လေနုအေးသည်လည်း မောပန်းနေသည်များကို ပြေပျောက်စေကာ လန်း ဆန်း လို့နေ၏၊၊ ဆယ်ကြိမ်ထက်မနည်း ပန်းခြံကိုပတ်ပြေးပြီးနောက်မှာ မနက်ပိုင်း 6 ခွဲဆိုသော အချိန်ကိုရောက်နေပြီဖြစ်သည်၊၊ ဒီနေ့က ကျောင်းပိတ်ရက်မို့ တိုက်ခန်းကိုZero အစောကြီးပြန်စရာတော့မလိုပေ၊၊ထို့ကြောင့် တစ်ခါမှမရောက်ဖြစ်သေးသော စျေးဘက်သို့ Zero ထွက်လာခဲ့သည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now