25(uni+zaw)

12.5K 783 150
                                    


ညနက်ပိုင်း 2နာရီခန့်၌  ဆက်အိပ်လို့မရတော့သော ခပ်ကြောင်ကြောင် မျက်လုံးတို့ကြောင့်  ဗမာ ကုတင်ပေါ်က ဆင်းလာကာဖြင့် အခန်းထဲကနေ ထွက်လာခဲ့သည်၊၊

တနေ့ညပိုင်းထဲက  ဒက်ခရစ်ကို တွေ့ခဲ့ရသော်လည်း မနေ့က တစ်ရက်လုံးတော့ အရိပ်ကလေး တစ်ချက်တောင်မျှ မမြင်ရပေ၊၊ ထို့ပြင်  အရင်ထက်ပိုပြီး  ဒီ ကျွန်း က လူဦးရေထပ်များလာသလို ခံစားရပြီး  ဗမာကိုလည်း မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ကို ဝတ်စုံအနက်နဲ့    လူတွေက လိုက်ကြည့်နေကြသလို ခံစားရ သည်၊

ထူးဆန်းသော ခံစားချက်တွေအပြင်  မျက်ဝန်းစိမ်းတွေကြောင့်  ဗမာ မနေ့ကရော ဒီနေ့ရော နေရခက်သည်ကတော့ အမှန်ပင်ဖြစ်၏၊၊

ညသန်းခေါင်ယံ ကျော်နေသော အချိန်ဖြစ်ပေမဲ့  အိမ်ရဲ့ နေရာအနှံအပြားမှာတော့ ဝတ်စုံနက်နဲ့ လူတွေက အပြည့်ကို ရှိနေကြ၏၊၊ ဗမာ ဧည့်ခန်းထဲသို့ လှမ်းဝင်လာတော့  မျက်နှာစိမ်းဖြစ်သော လူကြီး တစ်ယောက်က ဆိုဖာ၌ ထိုင်နေပြီး   laptop သုံးနေ၏၊၊ 

ထိုလူကြီးက ဧည့်ခန်းထဲ ဗမာ ဝင်လာတာ မြင်တော့ ပြုံးပြလာလျက်

"အိပ်မပျော်ဘူးလား၊၊ ဦးရှေ့မှာ လာထိုင်"

လူကြီးတစ်ယောက်က ပျူငှာစွာ စကားစဆိုလာသည်မို့ ဗမာလည်း ငြင်းလို့မကောင်း၍  ထိုလူကြီးထိုင်နေသော ဆိုဖာ ရှေ့၌ သွားဝင်ထိုင်လိုက်၏၊၊   ထိုလူကြီး၏ မျက်နှာကျက ဒက်ခရစ်နဲ့ ခပ်ဆင်ဆင်ရှိသည်မို့ ဗမာ တွေးမိသည်က  ဒက်ခရစ်၏ ဖခင်များလား ဟူ၍

"  ဒါနဲ့   ကောင်လေး နာမည်က"

"ခွန်း လို့ ခေါ်လို့ရပါတယ် ဦးလေး"

ကောင်ငယ်လေးက ဖော်ရွေမဲ့ပုံရှိပြီး  အရပ်ရှည်သော်လည်း ခန္ဓာကိုယ်ကတော့ သေးသွယ်၏၊၊  ထိုကောင်လေးရဲ့ မျက်နှာကျက  Zero အမြဲ ဆွဲဖြစ်နေတဲ့ ပန်းချီထဲက  ပုံနဲ့ အံဝင်ခွင်ကျ ကိုတူ၏၊၊ နည်းနည်းလေး ပြောင်းလဲတဲ့အပိုင်းလေးတွေ ရှိပေမဲ့  ထိုပန်းချီထဲကကောင်လေးက  အခု ဟန်လင်းထင်ရှေ့မှာ ရှိနေတဲ့  ကောင်လေးသာ ဖြစ်သည်မှာ မလွဲဧကန်ပါပဲ

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now