19(uni+ zaw)

12K 749 195
                                    

မရောက်ဖြစ်တာ ဆယ်စုနှစ်တစ်ခုအကြာရှိနေပြီဖြစ်သော မြန်မာမြေကို  ပြန်၍ ခြေချလာရပြန်တော့   အရင်တစ်ချိန်က ပြီးဆုံးခဲ့သော တစ်နှစ်တာ၏ အမှတ်တရတွေက Zero ၏ အသိအာရုံထဲသို့ အလုအယက် ပင်ဝင်ရောက်လာခဲ့သည်၊၊  မြန်မာမှာ  Zero  တစ်နှစ်သာ ကျောင်းပြီးအောင်နေခဲ့သော်လည်း ထိုတစ်နှစ်ကလေးကပင်  ရရှိခဲ့သည့် အမှတ်တရပေါင်းများစွာက  မှတ်ဉာဏ် ထဲထွင်းထုထားသည့်ကျောက်စာလို  ခိုင်မြဲမြံစွာ ရှိနေခဲ့၏၊၊  တစ်ချိူ့ အကြောင်းအရာတွေကတော့ မေ့ပြစ်ဖို့ခဲယဥ်းစွာပင် အစိုင်းအခဲ တစ်ခုလို အခုထက်ထိ ရင်တွင်း၌ တည်ရှိနေပါသေးသည်၊၊

"Leader  ဝန်ကြီးချုပ်ဆီကိုပဲ တန်းသွားမလား ဒါမှမဟုတ်  Hotel ကိုပဲ သွားမလား"


Zero ထိုင်နေသော ကားနောက်ခန်းဘက်သို့  ဇေဗီယာက လှည့်ကြည့်လာကာဖြင့် အမေးပြုလာသည်၊၊  


"  ဝန်းကြီးချုပ်ဆီအရင်သွားမယ်"


"ကောင်းပါပြီ"


ဒီတစ်ခေါက် Zero ရှရှားက ထွက်လာတဲ့အချိန်မှာတော့  ဘေးနား၌ ဇေဗီယာသာပါလာခဲ့ပြီး ဇေဗန်တော့ ပါမလာခဲ့ချေ၊၊   ထို့သို့ ဇေဗန် ပါမလာခဲ့ခြင်းမှာလဲ မန့်စီမက်စ် ဆီသို့  နှလုံး ကိစ္စနဲ့ပက်သက်ပြီး Zero ဇေဗန်ကို   လွှတ်လိုက်လို့ဖြစ်၏၊၊

ကားပြတင်းပေါက်ကနေ အပြင်ဘက်မှ တရိပ်ရိပ်ဖြတ်ပြေးနေသော   ရှူခင်းတွေနဲ့ သွားလာလှုပ်ရှားနေသော လူတွေကိုကြည့်ပြီး  Zero ၏ အာရုံထဲ၌ အတွေးများလျက်  ရှိနေရသည်၊၊  လုပ်ငန်းကိစ္စများက တစ်ဖုံ   တစ်ခြားသော ကိုယ်ရေးကိုယ်တာ ကိစ္စများကတစ်မျိုးဖြင့်  နေ့တိုင်း ခေါင်းထူပူနေအောင်ထိ တွေးတောနေရသည်မှာ  သိပ်တော့  မလွယ်ကူချေ၊၊  သို့ပေမဲ့ ဒီလိုမျိုး အတွေးများခြင်းနဲ့ နေသားတကျ ရှိနေပြီမို့ Zero အတွက်  အကြောင်းအရာ တော်တော်များများကို စဥ်းစားခြင်းက  ဝန်ထုပ်ဝန်ပိုး တော့မဖြစ်စေတော့ပေ၊၊

45 မိနစ်ခန့်လောက်ထိ  ကားစီးလိုက်ရပြီးနောက်    ဝန်ကြီးချုပ်၏  အိမ်တော်ရှေ့သို့    Zero တို့ကားမှာ ဆိုက်ရောက်လာခဲ့သည်၊၊   ခြံတံခါးရှေ့ ကားခေါင်းတည့်ရပ်လိုက်ရုံနဲ့ ခြံတံခါးမကြီးက အလိုအလျောက် ပွင့်လှစ်သွားပြီးနောက် အိမ်ရှေ့စင်ဝင်အောက်သို့ ကားနက်မှာ   မောင်းဝင်လာခဲ့တော့၏၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now