18(uni+ zaw)

11.7K 733 95
                                    

ဝေဝါးနေသော အမြင်အာရုံတွေက တဖြည်းဖြည်းနဲ့ကြည်လင်လာလို့ဖြင့် အသိစိတ်တွေမှာလဲ လုံးစွာ နိုးထလာခဲ့သည်၊၊  အိမ်မက်ရှည်ကြီးတစ်ခုကို ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ပြီးတဲ့နောက်  လူကလည်း မောဟိုက်စွာဖြင့် လက်ရှိကို ပြန်လည်ရောက်ရှိလာခဲ့သည်၊၊ ထို့ပြင်  တဒိန်းဒိန်းစောင့်ခုန်နေသော နှလုံးခုန်သံက ကျယ်လောင်နေပြီး ဗမာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်နေ၏၊၊

ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား ဝေခွဲမရပေမဲ့  မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့သော မှတ်ဉာဏ် အပိုင်းအစတစ်ခုကို  ဗမာ ပြန်၍ မှတ်မိခဲ့သည်၊၊ ဝမ်းနည်းပူဆွေးမှုက ရင်မှာ ထွေးပွေ့ထားသလိုမျိုးရှိသော်လည်း  ပြန်၍ မှတ်မိသည်ကြောင့် အနည်းငယ်လည်း ပျော်ရွှင်နေမိ၏၊၊

ရှရှား၏ ညဘက်  အအေးဒဏ်ကို အံ့တုရင်း  ဗမာ နောက်ဆုံး မှတ်မိသည်က  ခုံတန်လျားပေါ်၌    သတိလွတ်သွားခဲ့သည်ဆိုတာပင်ဖြစ်သည်၊၊ ထိုအချိန်မှစ၍   ဝေဝါးနေသော အိမ်မက်ရှည်ကြီးတစ်ခုထဲ ဗမာ နှစ်မြှုပ်ခဲ့ရပြီး  အခုလို လက်ရှိကို ပြန်ရောက်လာချိန်မှာတော့ ဆယ်နှစ်နီးပါ မေ့နေခဲ့သော  အကြောင်းအရာတွေကလုံးလုံးကို ပြန်၍ မှတ်မိလာခဲ့သည်၊၊ ဒါက တိုက်ဆိုင် မှုတစ်ခု သက်သက်ပဲလို့ ခေါင်းစဥ်တပ်ရပါမည်၊၊

ဆယ်နှစ်လုံး လုံး  အပူအပင်မရှိ ဖြတ်သန်းလာခဲ့သမျှ   မှတ်ဉာဏ် အပိုင်းအစလေးထဲက  ဘဝရဲ့ ငယ်ချစ်ဦးကို ပြန်၍ သတိတရပြန်ရှိလာချိန်မှာတော့  ရင်ထဲ ပူပြင်းနာကျင်မှုတွေက လှိုင်းကြက်ခွပ် တွေလို့ပင်  နှလုံးသားကို အရှိန်ဖြင့် ခပ်ပြင်းပြင်းရိုက်ခတ်လာခဲ့သည်၊၊ ရှုပ်ထွေးနေသော ခံစားချက်ပေါင်းအလီလီက  ဦးနှောက်နဲ့  ခန္ဓာကိုယ် အသွေးအသားထဲထိ ရောပြွမ်း နေပြီး  ဗမာ အချိန်အတော်ကြာသည်အထိ ငူငိုင်နေမိသည်၊၊

မျက်လုံးနှစ်လုံးပွင့်လို့နိုးလာထဲက  မိမိကိုယ်ကို ဘယ်နေရာရောက်နေလဲ ဆိုတာ ဗမာ သေချာ မကြည့်ဖြစ်သလို့  ဂရုလည်းမစိုက်မိပဲ  တစ်ချိန်က    ရူးခဲ့ရပါသော ကောင်လေးအကြောင်းကိုသာ ထိုင်တွေးနေမိတော့သည်၊၊ 

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now