15(uni+zaw)

11.8K 591 66
                                    

Myanmar  နဲ့ Russia  ၏ အချိန်ကွာခြားမှုကြောင့်  ဒီနေ့မနက်ပိုင်း လေးနာရီလောက်ထဲက  ဗမာ  နိုးနေခဲ့ပြီပင်၊၊   Myanmar ၏ အချိန်သည် Russia ၏ အချိန်ထက် ပိုမြန်သည်ကြောင့်  အခု Russia ၌  4 နာရီဆိုလျှင်  Myanmar ၌ 8 နာရီခွဲလောက် ရှိနေလောက်ပြီဖြစ်သည်၊၊ ဆက်၍ အိပ်မရတော့သော မျက်လုံးတွေကြောင့်  အိပ်ယာမှထလို့  မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်ပြီးနောက်  အခန်းထဲမှ ထွက်လာခဲ့သည်၊၊


တိုက်ခန်း၏  ဝရံတာ ဘက်သို့ ဗမာ လျှောက်ထွက်လာခဲ့လေတော့   ပတ်ဝန်းကျင် မှာ  ဓာတ်တိုင်မီးရောင်ကြောင့် အနည်းငယ်လင်းနေပြီး  နှင်းတွေကတော့ တဖွဲဖွဲနဲ့ပင် ကျဆင်းနေ၏၊၊ အေးစိမ့်လှသော ရာသီကြောင့် အပူပိုင်းဒေသက လာသော ဗမာ အဖို့ ဒီအအေးဒဏ်အား အံတုဖို့ရာ မလွယ်ကူလှချေ၊၊  ထို့ကြောင့် ခဏလောက်သာ ဝရံတာ ၌ ထွက်ရပ်နိုင်ပြီး  ချက်ခြင်းပင် အိမ်ထဲပြန်ဝင်လာခဲ့ရသည်၊၊ အေးစိမ့်နေတဲ့ ခံစားချက်ကြီးကို ဗမာ မကြိုက်ပေ၊၊  ရှင်းရှင်း   ပြောရမည်ဆိုလျှင်တော့ အအေးဒဏ်ကို မခံနိုင်ခြင်းပင်၊၊

အခန်းထဲမှ ကွန်ပျူတာနှင့်  အမှုဖိုင်တွဲတွေကို ယူထုတ်လာပြီး   ဧည့်ခန်းထဲက ဆိုဖာ၌  ထိုင်လို့ဖြင့် အလုပ်ကိစ္စ တွေကို စိစစ်ကြည့်ရသည်၊၊ အဆင့်မြင့် Hotel  ဆိုတဲ့အတိုင်း အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခု ပါရှိပြီး  အိမ်သာကလည်းနှစ်လုံးပါရှိ၏၊၊ ဒီလိုပုံစံမျိုးက Hotel ခန်းမဟုတ်ပဲ   တိုက်ခန်း  တွေနဲ့တောင်တူနေသေးသည်၊၊ ဒါကြောင့်ပါပဲ  ဒီအခန်း တစ်ခန်း၏ စျေးက  ဒေါ်လာ မောက်ချီနေတာ၊၊

လက်ကျန်ရှိနေသော အမှုတွဲ ကိစ္စတွေအပြင်  နဂါးပင်အပ်အကြောင်းပါ ရှာဖွေကြည့်ရင်းနဲ့ပင် တဖြည်းဖြည်းနဲ့ အပြင်ပတ်ဝန်းကျင်က လင်းထင်လာခဲ့သည်၊၊  သက်ဦးကတော့ အခုထက်ထိမနိုးသေးဘူးထင်ရဲ့ အခန်းထဲက ထွက်မလာသေးပေ၊၊  အလုပ်ကိစ္စ အကုန် ဗမာလည်း အပြတ်ဖြတ်ပြီးနောက် အညောင်းပြေအညာပြေ  လေ့ကျင့်ခန်းနည်းနည်းလုပ်ကာဖြင့် ပြီးစီးသွားသော ဖိုင်တွဲတွေကို အခန်းထဲသို့ ပြန်ထည့်ကာသိမ်းလိုက်သည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now