11(uni+ zaw )

11.4K 608 79
                                    

ရှုပ်ယှက်ခတ် အောင်သွားလာနေသောလူတွေအပြင်  ကားတွေကလည်း ဟိုဘက်သွားဒီဘက်သွားဖြင့် ရှုပ်ထွေး နေကြ၏၊၊ နေမွန်းတည့်ချိန်မလို့ နေမင်း၏အပူချိန်ကလည်း ခပ်ပြင်းပြင်း၊၊လမ်းအနည်းငယ်လောက်လျှောက်ရုံတင်  နဖူးမှချွေးများက တဒီးဒီးကိုကျလာခဲ့သည်၊၊ ထိုင်းနဲ့မြန်မာ နယ်စပ်ဒေသကို  Zero ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့သည်၊၊  ပူပြင်းလွန်းသောကြောင့်  Zero လမ်းဆက်မလျှောက်တော့ပဲ  နီးစပ်ရာ လမ်းဘေး အအေး  ဆိုင်တစ်ခု၌ ဝင်ထိုင်လို့  ဦးဟန်အလာကို ထိုင်စောင့်နေလိုက်တော့ သည်၊၊ 


မိုးရာသီဖြစ်သော်လည်း နေ့ခင်းဘက်နေ၏ အပူရှိန်ကတော့ နွေအလားပါပဲ၊၊တစ်ချို့ ယောကျ်ား သားတွေကတော့ ပုဆိုးတစ်ထည်  ဒါမှမဟုတ် ဘောင်းဘီတို တစ်ထည်ထဲသာဝတ်ထားကြပြီး အပေါ်ပိုင်းကတော့ ဗလာဖြစ်သာ နေကြသည်၊၊ လမ်းမကြီးထက်၌ ကုန်ပစ္စည်း များတင်လာသော ကားကြီးတွေအပြင် မော်တော်ဆိုင်ကယ်များနှင့် တစ်ခြားသော ကားအသေးအမျိုးအစားများက ဖြတ်သန်းသွားလာနေကြသည်၊၊ လမ်းဘေးတစ်ဖက်စီ၌တော့ မုန့်ဆိုင်များနှင့် အအေးဆိုင်များရှိလေသည်၊၊

ပြင်ပတစ်နေရာမှ  သဲမှုန်များကိုယူဆောင်လျက် ဝေ့ဝဲတိုက်ခတ်လာသော လေပူတွေက ခပ်ပြင်းပြင်း၊၊ ဒီလို ပူကျစ်နေတဲ့အချိန်အခါကို Zero အမုန်းဆုံးပါပဲ၊၊ မွေးဖွားကြီးပြင်းရာဒေသက အအေးဆုံးနိုင်ငံတွေ ထဲရှိသော Russia မှာမို့ အခုလို မြန်မာနွေ၏ ပူပြင်းက  Zero အတွက်တော့  နေရထိုင်ရခက်ခဲပြီး အဆင်မပြေဖြစ်စေလှသည်၊၊  ထို့ကြောင့် ပူပြင်းလှသော ရာသီဥတုကိုအံတုရန်အတွက် ရေခဲရေ   တစ်ဘူးကတော့ မှာသောက်ရလေပြီ၊၊

နာရီဝက်လောက်အထိ အအေးသောက်ရင်း စာအုပ်ဖတ်ကာဖြင့် ထိုင်စောင့်ပြီးနောက်မှာတော့  CCက  Zero ရှိသော နေရာသို့ လျှောက်လာခဲ့သည်၊၊  ထို့နောက်  ဟိတ်ကောင်လေးဟု ဆိုကာ ပခုံးလာပုတ်ပြီး Zero ရှေ့၌ Ccက ဝင်ထိုင်သည်၊၊  ငယ်ငယ်လေးထဲက  ဦးဟန်ပြီးရင် Zeroကို ဒုတိယသင်ကြားပြသပေးသော ဆရာက Ccသာဖြစ်သည်၊၊ ရုမ်းတရုတ်စပ်ထားသော Ccက  မြန်မာစကားပြောတတ်သော်လည်း အသံက ခပ်ဝဲဝဲအပြင် ပြီပြီသသပြောနိုင်ခြင်းလည်းမရှိ၊၊ထို့ကြောင် Ccနဲ့ စကားပြောဖြစ်တိုင်း Zero သုံးသည့်ဘာသာမှာ Russia  စကားနဲ့သာဖြစ်၏၊၊ မြန်မာလို့သာပြောမိရင်   Cc၏ မပြီမပြင် စကားပြန်ပြောပုံကြောင့်   Zero ရှုပ်ယှက်ခတ် ပြီးခေါင်းပူလာတော့မှာ အမှန်ပင်ဖြစ်သည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now