33(uni+zaw)

13.4K 812 277
                                    

" တကယ်ပဲ ဟိုကောင်လေးကို သွားမတွေ့တော့ဘူးလား"


"အင်း"


ဆေးရုံ၏ အမြင့်ဆုံးထပ် VIP room ထဲ၌ လေထုသည်အနည်းငယ် အေးစက်စက် နိုင်လှပြီး အခြေအနေသည် ငြိမ်သက်၏၊၊  အခန်း၏ ပြတင်းပေါက်နား၌ ရပ်လျက် အပြင်ဘက် အဆောက်အဦ အမြင့်တွေကိုကြည့်နေသော Zeroသည်  ပုံမှန်ထက် ငြိမ်သက်နေမှန်း ဟန်လင်းထင်ခံစားမိသည်၊၊

Zero ခြေထောက်မှ သေနတ်ဒဏ်ရာသည်  တစ်ပတ်အတွင်း ပျောက်ကင်းသွားခဲ့ပြီဖြစ်သည်၊၊ သို့သော် ဘာတွေကို တွေးတောနေလဲမသိသော Zeroသည်  ဟိုဗမာကောင်လေးဆီကိုသွားဖို့ကိုငြင်းဆန်နေ၏၊၊ Zero သွားမတွေ့ရတဲ့ အကြောင်းအရင်းတစ်ချက်တော့ ရှိပါလိမ့်မည်၊၊

ရှရှား၏ မြို့စွန်နားက ဆေးရုံ၌ ဝေဟင်လွမ်းသည် ဆေးပညာကို ထပ်ဆင့်လေ့လာရန် တစ်လလောက် ရောက်လာခဲ့သည်ကြောင့် ဟန်လင်းထင်မှာ ရောဂါမရှိရောဂါရှာပြီး ဆေးရုံလာတတ်နေခဲ့ခြင်းဖြစ်သည်၊၊ သို့သော် လွန်ခဲ့တဲ့ တစ်ပတ်က သေနတ်ဒဏ်ရာကြောင့်  တူတော်မောင် Zero မှာ ဆေးရုံသို့အသည်းအသန်ပင်ရောက်ချလာခဲ့သည်၊၊အခြေအနေက အနည်းငယ် ရှုပ်ယှက်ခတ် လှ၏၊၊


"ဘာတွေ တွေးပူနေတာလဲ၊၊ ဟိုကောင်လေး နိုးလာမဲ့ အချိန်ကို စောင့်နေခဲ့တာပဲမလား၊၊အခုသွားတွေ့လို့ရနေပြီလေ သွားတွေ့စမ်းပါ Zero ရာ"


မလှုပ်မယှက် ရပ်နေသော Zero သည် ဟန်လင်းထင်ကို ဘာမှတန်ပြန်ဖြေဆိုလာခြင်းမရှိပေ၊၊ ခပ်ဝေးဝေးမှ အဆောက်အဦ တွေကိုကြည့်လျက်သာ Zero သည် အတွေးများနေပုံရသည်၊၊

Zero ခေါင်းမာလျှင် ဟန်လင်းထင် ဘယ်လိုမှ ဖြောင်းဖြလို့မရတာမို့ အခုကိစ္စလည်း ဘာမှဆက်ပြောလို့မရတော့ပေ၊၊ Zero ဟိုကောင်လေးရဲ့ ကိစ္စကို  ဘယ်လို စီစဥ်မလဲဆိုတာကတော့  ဘေးနားကနေ ဟန်လင်းထင် စောင့်ကြည့်ရန်သာရှိတော့သည်၊၊

"Leader "


တိတ်ဆိတ်နေသော ဆေးရုံအခန်းထဲ ဇေဗန်သည် လျှောက်ဝင်လာခဲ့ပြီး Zero နဲ့မလှမ်းမကမ်း၌ရပ်လျက် ခေါင်းငုံ့အရိုအသေပေးကာဖြင့် အမည်နာမကို ခေါ်လာခဲ့သည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now