22(uni+zaw)

11.8K 676 136
                                    

အေးစိမ့်စိမ့် ခံစားချက်နဲ့အတူ  ဗမာ ဖက်တွယ်ထားသော ခပ်မာမာ အရာမှာ လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကြောင့်  ဗမာ၏ အသိစိတ်အာရုံမှာလဲ လက်ရှိသို့ တဖြည်းဖြည်းနဲ့ ကူပြောင်းလာခဲ့သည်၊၊ အမြင်လွှာတွေကို ဖွင့်ကြည့်တော့ မသဲမကွဲ မြင်ကွင်းအဖြစ်  မြင်ရသည်က  လက်နှစ်ဖက်ကို ခေါင်းအောက်၌  ခုပြီးအိပ်နေသော ဒက်ခရစ်၏မျက်နှာ  ကိုပင်ဖြစ်သည၊၊ ထို့နောက် ဗမာ မိမိပုံစံကို သေချာသတိထားကြည့်မိတော့   ပက်လက်အိပ်ပျော်နေသော ဒပ်ခရစ်၏ ကိုယ်ပေါ်သို့  လက်ရော ခြေထောက်ရော ပြစ်တင်ထားသည်အပြင်   ဗမာ မျက်နှာသည်လည်း ဒက်ခရစ်၏ ချိုင်းအောက်ဘက်၌သာရှိ၏၊၊


ဒီလိုရှုပ်ထွေးနေတဲ့ အခြေအနေကြောင့်  ဗမာ ချက်ခြင်း ဒက်ခရစ်အပေါ် ပြစ်တင်ထားသော လက်နဲ့ ခြေထောက်တွေကို အမြန်ရုတ်သိမ်းလိုက်ပြီး လှဲနေရာမှ ထထိုင်မိလိုက်သည်၊၊

မနေ့က  ဒက်ခရစ် အခန်းထဲမှာသာ ဗမာ အိပ်ပျော်သွားမှန်း ပြန်သတိရမိသော်ငြား ဗမာ ဘေးနား သို့  ဒက်ခရစ်က ဘယ်ချိန်က ဝင်အိပ်သွားလဲဆိုတာတော့ မသိတော့ ပေ၊၊

စောင်အကြီးတစ်ခုထဲကို နှစ် ယောက် မျှခြုံထားသည်ကြောင့်  ဗမာ ရုတ်တရက် ထထိုင်လိုက်ချိန်  စောင်က ဒက်ခရစ်ကိုယ်ပေါ်၌ မရှိတော့ပဲ ဗမာ ဆီသို့သာ လုံးထွေးပြီး ပါလာလေသည်၊၊ ထို့ကြောင့်  ဒက်ခရစ် ကိုယ်ပေါ်၌ စောင်မရှိတော့ပဲ  ဟာလာဟင်းလင်း ကြီးဖြစ်သွားလျက် ဒက်ခရစ်၏ အိပ်နေသော အနေအထားပုံစံကို ရှင်းလင်းစွာပင်  ဗမာ  တွေ့မြင်ရ၏၊၊


ခြေတန်ရှည် နှစ်ချောင်းကို တစ်ခုနဲ့ တစ်ခု ထပ်တင်ထားပြီး  ကိုယ်ကို ပက်လက် အနေအထားဖြင့်  ဖြောင့်တန်းနေအောင် ဆန့်ထားလျက် လက်နှစ်ဖက်ကိုတော့ ခေါင်းအုံး အဖြစ် ခုအုံးထားသည်၊၊  ဘောင်းဘီရှည်အနက်နှင့် စွတ်ကျယ် အဖြူတို့ကို တွဲဝတ်ထားသည်ကြောင့်  ဒက်ခရစ်က မြင်နေကြ ပုံစံတွေနဲ့ မတူပဲ ဗမာ မျက်လုံးထဲ  ကွဲထွက်နေတာတော့ အသေအချာပင်ဖြစ်သည်၊၊

အိပ်နေသည့်အချိန် ဒက်ခရစ်၏ မျက်နှာ၌  အမြဲတွန့်ချိုးနေတဲ့ မျက်ခုံးတန်းတွေနဲ့ စူးရဲနေတတ်တဲ့ အကြည့်တွေ မရှိလို့ထင်ရဲ့  ကြည်လင်သန့်ရှင်းမှုများ ရောစပ်ထားသလိုမျိုး ကြည့် ရသည်မှာ တစ်မျိုးတစ်ဖုံပင်  အေးချမ်း၏၊၊ အမြဲ ဒီလို ပုံစံမျက်နှာမျိုးအတိုင်းသာဆို ကောင်းမှာပဲ

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now