12(uni+ zaw)

10.4K 583 85
                                    

တရွေ့ရွေ့ ကုန်ဆုံးလာသော အချိန်တွေက နှေးကွေးသယောင်ရှိသော်ငြား မြန်ဆန်နေသည်ဟုလည်းထင်မိသည်၊၊ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်မှာ ကျောင်းပထမနှစ်၏ နောက်ဆုံးစာမေးပွဲ ဖြေဆိုရမည့်အချိန်ကိုပင် နီးကပ်လို့လာခဲ့သည်၊၊  ဖြစ်သွားခဲ့သော အကြောင်းအရာတွေအား  ဗမာ  ပြန်လည်မြင်ယောင်တိုင်း သက်ပြင်းချနေမိရသည်မှာ အခါခါ၊၊ ကျူးလွန် ခဲ့မိသော ကိစ္စသည်အား  ရင်နစ်အောင် မြတ်နိုးရပါသော ထိုလူသားကိုမှ တဇွတ်ထိုးဆန်စွာ ပြုမူမိခဲ့သည်၊၊ နောင်တဟူသော သဘောတရားကို အခုထက်ထိ မရနိုင်သေးပဲ တန်သည်ဟုသာ ဗမာ  စိတ်ထဲတွေးနေမိသည်မှာ ဘာကြောင့်များပါလိမ့်၊၊


ထို့နေညက အရက်ဆိုင်မှာဖြစ်သွားခဲ့သော ကိစ္စပြီးနောက်  လွှားအနားသို့ ဗမာ မှာ ရောက်ဖို့အခွင့်အရေး စိုးစဉ်း မျှပင်မရှိခဲ့တော့ချေ၊၊ အဝေးကနေသော လှမ်းကြည့်လို့ အလွမ်းဖြေနေရသော ဗမာ ဘဝသည်ကလည်း သိပ်ပြီးမလွယ်ကူပေ၊၊  ဖြတ်သွားဖြတ်လာ အနေအထားဖြင့် လွှားကို လမ်း၌ တွေ့ရင်တောင်မှ တစ်ချက်မှ လှည့်ကြည့်မခံရပဲ ဗမာကို  ရှောင်ရှောင်ထွက်သွားသည့်မို့  ရင်နာရပါသည်၊၊ အမှုမဲ့အမှတ်မဲ့ ပြုမူ မိလိုက်သော ကိစ္စ က  မရည်ရွယ်ထားပါသော်လည်း  တကယ်တမ်း လုပ်ချလိုက်မိသည်မို့ ထိုအမှားအား  ဗမာ ကို  ပြန်လည်ပြင်ဆင်ခွင့် လွှားက မပေးခဲ့ပေ၊၊ 

တိုက်ခန်း၏ ဝရံတာ ၌ ဗမာ ထွက်ထိုင်လို့ ဆေးလိပ်သောက်ရင်း  စိမ်းကားလွန်းလှသော အကြင်လူ၏ အကြောင်းက ခေါင်းထဲ၌ အပြည့်ပင် နေရာယူလို့ထားသည်ကြောင့် အတွေးနယ်ထဲ နစ်ဝင်မိပြန်သည် ၊၊ ဆေးလိပ်မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်တိုင်း  လွှား၏ မျက်နှာ တည်တင်းတင်းက တစ်ဖန်ပြန်ပေါ်လာလျက် ဗမာကို ပို၍ လွမ်းနာ ကျစေသည်၊၊  လွှားနဲ့ အနေဝေးပြီးတဲ့နောက်ပိုင်း  အလွမ်းဒဏ်အား အံတုဖို့အတွက် ဗမာ ဆေးလိပ်တွေသာ သောက်ဖြစ်နေသည်၊၊ သို့သော်လည်း ဆေးလိပ်မီးခိုးငွေ့တွေကြား   ခပ်တင်းတင်းမျက်နှာထားလေးက   ပေါ်ပေါက်လာလေတော့  အလွမ်းဒဏ်ကို အံတုဖို့ရာ ခဲယဉ်း လွန်းလှသည်၊၊ ဆန့်ကျင်ဘက်အနေနဲ့ ပို၍တောင် လွမ်းဆွတ်လာရသလိုရှိသည်၊၊ 

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now