13(uni+zaw)

10.5K 563 89
                                    

ဖွင့်လှစ်ထားသော ပြတင်းပေါက်မှ တိုးဝင်လာသော လေနုအေးနဲ့အတူ နေရောင်ခြည်နုနုတို့က အခန်းအတွင်း ကုတင်ဖြူပေါ်၌   ဖြူဖျော့စွာ လှဲလျောင်းနေပါသော ကောင်လေးထံသို့  ရောက်ရှိလို့နေပြီ၊၊  အပြင်ပိုင်း၌ ရာသီဥတုသည်က သာယာလှပြီး  ဆေးရုံအမြင့်ထပ်ကနေ  အောက်ဘက်  လူနာများသွားလာနေသော ပန်းခြံထဲကို လှမ်းကြည့်လို့ဖြင့် သဘာဝရှူခင်းနဲ့ သွားလာနေသော လူတွေ ကို ပန်ချီကား တစ်ချပ် ဆန်ဆန်လှပစွာ တွေ့ရမည်ဖြစ် သည်၊၊


မေ့မျောနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သော Zero ကို ကြည့်၍  ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းကို   ဟန်လင်းထင်  ထပ်၍ ချမိပြန်သည်၊၊  တရားခံက ဘယ်သူလဲဆိုတာ Zero နိုးမှ အကျိုးအကြောင်း မေးလျက် သိရမည် ဖြစ်၏၊၊ ထို့ကြောင့်  တနုံ့နုံ့ ထွက်နေသော ဒေါသ ကို  ထိန်းလို့  ဒီရက်တွေမှာ ဟန်လင်းထင် အောင့်အီးသည်းခံ နေခဲ့သည်၊၊

ဘယ်တော့မှ ခြေထပ်ချဖို့ မတွေးခဲ့သော မြန်မာပြည်ကို  Zero အသည်းအသန်ဖြစ်လို့ Russia က အလုပ်တွေပြစ်ပြီး ဟန်လင်းထင် အမြန်ပြေးလာခဲ့ရသည်၊၊ အမိမြေကို နှစ်များစွာနေပြီမှ ပြန်လည်ရောက်ရှိလာတော့ အရာရာက ကိုယ်နဲ့မသက်ဆိုင်သလို စိမ်းသက်လျက်ရှိသည်၊၊  သတိမရချင်သော အကြောင်းအရာတွေနဲ့ မေ့ဖျောက်ခဲ့သော အမှတ်တရတွေက အလုံးရင်းနဲ့ပင် အတွေးထဲ တိုးဝင်လာလေတော့ ဟန်လင်းထင်  မှာ ခေါင်းကိုသာ ခပ်ပြင်းပြင်း ခါထုတ်ပြစ်မိသည်၊၊ မတွေးချင်ပါဘူး  နာကျင်ခဲ့ရသော အတိတ်ရက်တွေ အကြောင်းကို


ဒုန်း!


ဆေးရုံတံခါးဆောင့်ကန် ဖွင့်သံနဲ့အတူ အခန်းထဲသို့ ကျော်ဇော်နဲ့ ဇေထက်ရှားအပြင်  အောင်ခွန်းခ  ကလည်းနောက်ပါး၌ လိုက်ပါလာလျက် သုံးယောက်လုံးက အသည်းအသန် ပြေးဝင်လာကြသည်၊၊ 


" ဦးဟန်   Zero ဘာ ဖြစ်တာလဲ၊၊  ဘယ်သူလုပ်လိုက်တာလဲ"


ခြေတွေ လက်တွေမှာ ကျောက်ပတ်တီး  စည်းထားရသည့်အပြင်  ဝမ်းဗိုက်၌လည်း  စည်းနှောင်ထားသော ပတ်တီးလိပ်ကို  ပါးလွှားသော ဆေး  ရုံ အဝတ်ဖြူကနေ  ဖောက်ထွင်း မြင်နေရသည်၊၊  အမြဲ  တည်တင်းနေသော မျက်နှာက အခုတော့  ဖြူဖျော့လျက်ဖြင့် သွေးမရှိသလိုမျိုး ဖြစ်နေသည်မှာ  နွမ်းလျလျ ရှိလှသည်၊၊ ငယ်ငယ်ထဲက အတူနေအတူစား ညီကိုတွေလိုမိို့  ယခု  Zero ၏ ပုံစံက  ကျော်ဇော်တို့ သုံးယောက်လုံးကို   မျက်ရည်ကျအောင်ထိ လုပ်ယူနိုင်စွမ်းရှိလေသည်၊၊  မကာကွယ်လိုက်နိုင်မှု အပေါ်  အပြစ်တင်မိသလို  ခေါင်းမာလွန်းသော  အဆိုးအတေ Zero ကိုလည်း  ခပ်နာနာသာ ထုရိုက်ပြစ်ချင်စိတ်တွေ ပေါက်လာရသည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now