7(uni+zaw)

11.3K 581 110
                                    


ပုံမှန်လိုပါပင် မနက်ပိုင်း5 နာရီဆိုတာနဲ့ မျက်လုံးများက နှိုးစက်၏ အကူအညီ မလိုပါပဲ ပွင့်လာခဲ့သည်၊၊ နေ့စဥ်လုပ်နေကြဖြစ်သော မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတာနဲ့ ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်လျက်  လေ့ကျင့်ခန်းလုပ်ရန်အတွက် Zero အခန်းထဲကနေ ထွက်လာခဲ့သည်၊၊  ဒီနေ့ အထူးအဆန်းဖြစ်လှစွာ  ကျော်ဇော်က အစောကြီးနိုးနေပြီး ဧည့်ခန်းက ဆိုဖာအသေး၌ ထိုင်နေလေသည်၊၊ မျက်နှာမသာမယာရှိတဲ့ကျော်ဇော်က   Zero အခန်းထဲက ထွက်အလာကို ထိုင်စောင့်နေခဲ့ပုံပင်

" Zero  ခဏ လာထိုင်ဦး   ပြောစရာရှိတယ်"

ကျော်ဇော် ထိုင်နေသော အရှေ့ဘက်က ဆိုဖာပေါ်၌ Zero ဝင်ထိုင်လိုက်သည်၊၊  ထို့နောက်  ကျော်ဇော်ထံမှ  သက်ပြင်းအသာချသံကို ကြားရသည်၊၊

"ည12 ကြီး  အောင်ခွန်းခက  Mission လုပ်နေရင်း ဒဏ်ရာရလို့ဆိုပြီး Message ပို့တယ်၊၊ အဲ့တာ ငဇေ ညတွင်းကြီး  အောင်ခွန်းခဆီ ထလိုက်သွားတယ်"

ဒီနေ့နဲ့ဆို  အောင်ခွန်းခ   Mission အတွက်  ရမည်းသင်းကို သွားရောက်နေသည်မှာ   လေးရက်မြောက်နေပင်ဖြစ်သည်၊၊ ပထမအပတ်  စားမေးပွဲဖြေဆိုချိန်ကလည်း တအားကို နီးကပ်လိုလာနေပြီ၊၊  ပုံမှန်ဆို Mission အတွက်  အများဆုံးကြာမှ သုံးရက်လောက်သာ၊၊ အခုတော့ လေးရက်မြောက်ဖြစ်နေသည်တိုင်  အောင်ခွန်းခ၏  Mission က မပြီးမြောက်သေးတာမို့  Zero နည်းနည်းတော့ ဇဝေဇဝါ ဖြစ်မိသည်၊၊ တစ်ဦးခြင်း လုပ်ဆောင်ရသည့် Mission က  လူတစ်ယောက်သာ သတ်ရမည် ဖြစ်ပြီး  တစ်ယောက်ထက်ကျော်လျှင် အကူအနေ နဲ့ မိမိ တွဲဖက် killer ကို ဆင့်ခေါ်လို့ရသည်၊၊  အခုအခြေအနေ ကို ကြည့်ရသလောက်တော့   တစ်ဖက်  သတ်ရမည့်လူက   စစ်ကူခေါ်လိုက်ပုံမို့ အောင်ခွန်းခတစ်ယောက်ထဲနဲ့ မဟန်တော့တာ ဖြစ်လိမ့်မည်၊၊

Zero တို့ အဖွဲ့ လေးယောက်မှာ   အောင်ခွန်းခနဲ့  ဇေထက်ရှားက  တွဲဖက် တစ်တွဲ ဖြစ်ပြီး Zero နဲ့ ကျော်ဇော်က တစ်ဖွဲ့ဖြစ်သည်၊၊ ထို့သို့ဖွဲ့စည်းထားခြင်းက  တစ်ယောက်ခြင်းစီ၏ ကျွမ်းကျင် မှုပိုင်းဆိုင်ရာ အလုပ်နှင့်  ကိုက်ညီသော လူကို တွဲစပ် ပေးထားခြင်းဖြစ်၏၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now