17(uni+zaw)

11.7K 667 150
                                    

အချိန်တော်တော်များများထိ  ကွန်ပျူတာ ရှေ့ထိုင်ကာ အလုပ်ကိစ္စ အကုန်ကို အပြတ်ဖြတ်နေသည့်မို့ ကြာလာတော့ ဦးနှောက်ကပူထူလာသလို  စိတ်တွေလည်း စတင်ရှုပ်ထွေးလာသည်၊၊  ခေါင်းလည်းမူးနောက်နောက်အခြေအနေကို ဖြစ်လာတာမလို့  ကြည့်လက်ဆ ဖြစ်နေသော ကွန်ပျူတာ ကို ပိတ်ချလိုက်ပြီး  ညောင်းကိုက်နေသော ဇက်ကို  ဗမာ တစ်ချက် နှစ်ချက်လောက် လက်သီးဆုပ် ဖြင့်အသာထုပေးလိုက်၏၊၊

မနက်စာ စားပြီးထဲက ကိုယ်အခန်းထဲမှာပဲ  ကိုယ်ဝင်နေကာဖြင့် ကွန်ပျူတာ ရှေ့ထိုင်လိုက်သည်မှာ နေ့လယ်စာ စားချိန်တောင်ကျော်သည်အထိ ကြာသွားခဲ့လေသည်၊၊ နေ့လယ်စာ စားဖို့ သက်ဦးကလာခေါ်ပေမဲ့  မပြီးပြတ်သေးသော အမှုဖိုင်တွေကို စိစစ်နေရသည်မို့  ဗမာ  သက်ဦးနဲ့အတူ နေ့လယ်စာ မစားဖြစ်ခဲ့ပေ၊၊ အခုတော့ ဗိုက်ထဲ၌ သံစုံတီးဝိုင်း က စတင်လှုပ်ရှားမှု ပြုနေလေပြီ၊၊

ဆာလောင်လာသည်မှာ  အောင့်ထားမရတော့သည်အခြေအနေဖြစ်လာသည်ကြောင့် ဗမာ မိမိအခန်းထဲကနေ  အောက်ထပ် ထမင်းစားခန်းရှိရာသို့ထထွက်လာခဲ့တော့သည်၊၊

အိမ်ကြီးက ငါးထပ်တိုက်ဖြစ်ပြီး ဗမာ က  လေးထပ်မြောက်အထပ်မှာ  နေရတာဖြစ်သည်၊၊  အခန်းလိုက်ပြပေးတုန်းက  ဇေဗီယာ ပြောပုံအရ ဗမာ နဲ့မျက်နှာချင်းဆိုင်အခန်းက  ဒက်ခရစ်၏ အခန်းဟု ဆိုသည်၊၊ သက်ဦးကတော့ နှစ်ထပ်မြောက်မှာ ဖြစ်ပြီး ဇေဗီယာတို့ ညီအစ်ကိုနဲ့ ဘေးချင်းကပ်ရပ် အခန်း၌ ဖြစ်သည်၊၊  ဗမာနဲ့ သက်ဦးကို အခန်းတူတူ ထားလို့ရပါရဲ့နဲ့ အခန်းခွဲထားခြင်းအပေါ် ဒက်ခရစ်အား အမေးပြုချင်သော်လည်း    ဗမာနဲ့ လူချင်း  မျက်နှာချင်းဆိုင် မတွေ့မိသည်မှာ  ရက်အနည်းငယ်လောက်ရှိနေပြီဖြစ်သည်၊၊  ထို့ပြင် လေလံပွဲ၏ ရက်က  မနက်ဖြန်ဆိုစပြီ ဖြစ်ပေမဲ့  man made islandကို သွားဖို့အတွက် ဗမာကို ဒက်ခရစ်က ဘာမှလာမပြောသေးပေ၊၊


အတွေးပေါက်နေလိုက်တာ  အိမ်အပေါ်ထပ်ကနေ  အောက်ထပ်ရောက်မှပင် ဗမာ အတွေး တွေကရပ်စဲတော့သည်၊၊ ထို့နောက် ဗမာ ထမင်းစားခန်းထဲဝင်လာတော့   ထမင်းစားပွဲထိပ်၌ ထိုင်နေသော ဒက်ခရစ်ကို တွေ့၏၊၊ အခုမှ ထမင်းစ စားမဲ့ပုံရပြီး  အလုပ်သမားများကတော့ ထမင်းနဲ့ဟင်းပွဲတွေကိုချပေးနေ၏၊၊ မတွေ့ရတဲ့ ရက်အနည်းငယ်မှ  ဗမာ ဒက်ခရစ်ကို နည်းနည်း မျှော်သလို ဖြစ်မိပေမဲ့လည်း အခုလို ရုတ်တရက်ကြီး  မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့လဲ  ကျောခိုင်းပြီးတော့သာ ထွက်ပြေးသွားစိတ်တွေ ပေါက်လာရသည်၊၊

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now