39(uni+zaw)

12K 746 117
                                    


Hotel တစ်ခုရှေ့သို့ ဒုန်းဆိုင်းမောင်းဝင်လာလျက်  ကားနှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ဆိုသလို  ရပ်၏၊၊ ပြီးနောက် ပထမကားထဲမှ  အရပ်မြင့်မြင့်နှင့် ငယ်ရွယ်သော ယောကျ်ား ပျိုသည် လျင်မြန်စွာပင်ထွက်လာပြီး Hotel အတွင်းပိုင်းထဲသို့ ခြေလှမ်းကျဲ တွေဖြင့် လျှောက်ဝင်သွားသည်၊၊

အသည်းအသန် ဝင်ရောက်သွားသော လူငယ်၏ လက်ထဲ၌ စာရွက်စာတမ်း အချို့နှင့် ဓာတ်ပုံကဒ်အချို့ကို ကျစ်လျစ်စွာပင်  ဆုပ်ကိုင်ထား၏၊၊ ထို့လူငယ်နောက်ကနေ   သတ်လတ်ပိုင်း ယောကျ်ား တစ်ယောက်သည်လည်း  သိပ်မကွာသော အကွာအဝေး ကနေ ကပ်လျက် လိုက်သွားလေသည်၊၊

Hotel ထဲသို့  အသည်းအသန် ဝင်ရောက်လာသော လူနှစ်ယောက်ကြောင့်  ဘေးပတ်ဝန်းကျင်ရှိလူများကတော့   စောင့်ငဲ့ကြည့်ကာဖြင့် တွတ်ထိုးနေကြလေ သည်၊၊


Hotel  လေးလွှာမြောက်က   ဦးဟန်၏ အခန်းရှေ့သို့  Zero ရောက်လာတော့   အနောက်ကနေ  Daddyသည်  အပြေးလိုက်လာ၏၊၊  အခုချိန်မှာ ပူထူနေသည်ကြောင့်  ဦးဟန်ကိုတွေ့ရင် Zero ဘယ်နေရာကနေ စပြီးမေးရပါမည်နည်း၊၊


သိထားသော အကြာင်းအရာတွေသာ အမှန်ဖြစ်နေလျှင် ဘယ်လို ရင်ဆိုင်ရပါ့မည်နည်း၊၊ မွေးဖွားခါစထဲက မှားယွင်းနေသော Zero ၏ ကံကြမ္မာ သည်  ဘယ်အချိန်တွေထိများ  ဆက်လက်မှားယွင်းနေအုံးမှာလဲ

အခန်းတံခါးကို မခေါက်တော့ပဲ Zero ကန်ဖွင့်လျက် အခန်းအတွင်းသို့ဝင်လာခဲ့သည်၊၊  Zero အခန်းထဲရောက်တော့   မှန်နံရံမှတစ်ဆင့် ဦးဟန်သည်  အပြင်ဘက်မှ မြို့ပြ၏ ရှူခင်းကို  ငေးကြည့်နေလေသည်၊၊


"ရောက်လာပြီလား"


Zero လာမယ်မှန်း ကြိုသိနေပုံရသော ဦးဟန်က  ရှေ့တည့်တည့်ရှိ  ပြင်ပ ရူခင်းကိုကြည့်နေရာမှ Zero ရှိသော ဘက်သို့ မျက်နှာမူလာခဲ့သည်၊၊

"ရှင်းစမ်းပါဦး ဒီကိစ္စ!!"

အားမာန်နဲ့ထွက်လာသော စကားနောက်  ဟန်လင်းထင်၏ ရင်ဘတ်ထံသို့ စာရွက်အနည်းငယ်နှင့်ပုံကဒ်အချို့သည်  ရိုက်ခတ်စွာပင် ပြစ်ကျလာသည်၊၊ 

ZERO  (Mafia + Killer ) RICK S-2Where stories live. Discover now