Part (2)

1.3K 98 11
                                    

နွေးထွေးသော မနက်ခင်းနေခြည်နုနုလေးရဲ့
ကျေးဇူးတရားကို သိချင်ရင်

ခက်ခဲသောညရဲ့
ခိုက်ခိုက်တုန်သော အအေးဓာတ်ကို
မင်း ဖြတ်သန်းဖူးမှရမယ်
ဘေဘီရယ် ။

_မြကျေး

နောက် တစ်နေ့မှာတော့ ရှောင်းကျန့် အိမ်အောက်ထပ်ကို ဆင်းခဲ့တော့တယ်။ အဒေါ်ကြီးနဲ့အတူ ဝမ်ရိပေါ်ရဲ့ အမေကပါ မီးဖိုခန်းကို ဝင်နေတယ်။ တကယ်တော့ ဒါကို သူ လက်ခံရမယ်လို့ နားလည်ပြီးသား။ သူက လူတွေနဲ့ ပတ်သတ်ရင် အမြဲ ကန့်သတ်ထားလေ့ရှိတယ်။ ဒါပေမဲ့ ဒီလူတွေကတော့ သူ ကန့်သတ်လို့ရတဲ့ စည်းထဲမှာ ရှိမနေဘူး။ ဒါက လက်တွေ့ဆန်တယ်။

သူ လက်မခံချင်သည် ဖြစ်စေ။
လက်ခံချင်စိတ် ဖြစ်စေ မိသားစု မို့ပါ။

ရိပေါ် အခန်းထဲ ပြန်ဝင်လာတော့ ရှောင်းကျန့်ကိုကိုက မရှိတော့ဘူး။
သူ့ အိပ်ရာတွေလည်း မရှိတော့ဘူး။
အားလုံးက လျှော်တဲ့ ခြင်းထဲမှာ ရောက်နေတယ်။ ဒီတစ်ည ထပ် ခွင့်မပြုဘူးဆိုတာကို စကားလုံးနဲ့မဖော်ပြဘဲ အမူအရာနဲ့ အတိအကျကြီး ဖော်ပြလိုက်တာပဲ မဟုတ်လား။ ‌

"လာ သားငယ်လေးရော ဝင်ထိုင်လေ"

"ဟုတ် ပါးပါး"

ဝမ်ရိပေါ် စိတ်ထဲမှာ နည်းနည်းတော့ အဆင်မပြေ ဖြစ်တယ်ဆိုပေမဲ့ သူ ပါးပါး လို့ပဲ ခေါ်လိုက်တယ်။ မေမေကရော၊ ပြီးတော့ အန်ကယ်ရှောင်းကပါ သူ့ကို ပါးပါး ခေါ်ခိုင်းခဲ့တာ မဟုတ်လား။ ဝမ်ရိပေါ်အတွက်တော့ အဖေဆိုတာ ဘယ်လို ကြီးကျယ် မြင့်မြတ်တဲ့အရာလည်း မဟုတ်ဘူး။ အစားထိုးမရတဲ့ လေးနက်ခြင်းလည်း မဟုတ်ဘူး။ ဒီအတိုင်း နာမ်စား တစ်ခုပါပဲ။ ငယ်ငယ်ကတည်းကနေ အခုထိ ပါးပါး ဆိုတဲ့ စကားလုံးကို ချိုသာ ပျော်ရွှင် ခေါ်ခဲ့ဖူးတဲ့ မှတ်ဉာဏ်ကတော့ ရှားပါးပါတယ်။

အခုတော့ မနက်စာ အပြည့်နဲ့ ထမင်းစားဝိုင်း တစ်ခုက သူ့မျက်စိရှေ့မှာ ရှိနေတယ်။ ဟင်းပွဲတွေ အပြည့်နဲ့။

"‌ကျန့်ကျန့် ထည့်စားနော်
ဒါကတော့ အဒေါ်ကြီး သီးသန့်ချက်ထားတဲ့ ဟင်းပွဲတွေ"

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now