အကြိုက်ဆုံး ဘဝအကန့်လေးရယ်
အပျော်ဆုံး သေးငယ်အခိုက်အတန့်လေးရယ်
ငါ သိမ်းထားတယ်ဟိုမှာ ဒီမှာ
လက်လွတ်ကျပျောက်တာလေးတွေ
ငါ သိမ်းထားတယ်အဲဒါတွေဟာ
ဝမ်းနည်းစရာ ဖြစ်စေအုံးတော့
ငါ သိမ်းထားတယ်ဘေဘီရေ
ငါဟာ အတိတ်စွဲလန်းတဲ့ တစ္တေ ။_မြကျေး
ဒီလိုပဲ လူတွေ ဘဝထဲ ဝင်လာကြပုံများစွာ။
ဝမ်ရိပေါ် က ရှောင်းကျန့်ဘဝရဲ့ အပိုင်းအကန့်လေးတွေထဲ ရောက်ရှိလာပုံကတော့ ဒီလိုပဲ မထူးခြားပါဘူး။
ကိုယ့်အပေါ် တစ်ခါ ကောင်းပေးဖူးရင် ပြန်ကောင်းပေးရမယ်တဲ့။ ဝမ်ရိပေါ်အတွက်တော့ ငါ့ညီလေးဆိုတဲ့ စကားက အချိုဆုံး သကာရည်ပါပဲ။
"ကောကော
နွားနို့သောက်ပြီးမှ စာလုပ်ပါတဲ့ မားက""ထားခဲ့လိုက်လေ"
"ကောကော
အသီး စားမလား"ဒီလိုနည်းနဲ့ ရှောင်းကျန့်အခန်းကို ဝမ်ရိပေါ်က ဝင်ထွက်နေတော့တာပါပဲ။
သူ့အစ်ကိုက သူ့ကို နွေးနွေးထွေးထွေး မကြိုဆိုပေမဲ့ သူ့အတွက်တော့ သက်တောင့် သက်သာ ရှိလှတယ်။ ဝမ်ရိပေါ်က သူ့အစ်ကိုကို ကြည့်ရတာ ကြိုက်တယ်။(၁၃) နှစ်က ကလေး လုံးလုံး ဖြစ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အစ်ကို အနား ကပ်ချင်စိတ်ကတော့ အပြင်းအထန်ပါပဲ။ ရိပေါ်က သူ့အစ်ကို အနှောင့်အယှက် ဖြစ်အောင်တော့ မလုပ်ပါဘူး။ သူ့အစ်ကို မရှိတဲ့အချိန်၊ တ်ခါတလေ ရှိတဲ့အချိန်ပါ မသိချင်ယောင်ဆောင်ပြီး အခန်းရှင်းပေးတာမျိုးပေါ့။
"ကောကော သစ်တော်သီး ကြိုက်တာလား"
"အင်း"
"ဒီသစ်တော်သီးက စားကောင်းတယ်နော်"
"မင်း စားချင်လို့လား"
"မဟုတ်ပါဘူး ငါ စားခဲ့ပြီ"
"သွားတော့လေ"
"အင်း အင်း"
ရှောင်းကျန့်က အစားအသောက်ကို အားရပါးရ စားတာ ရှားတယ်။ မစားတဲ့အစားအစာ၊ မစားတဲ့ ဟင်းချက်နည်းတွေအပြင် စားတဲ့အခါလည်း တို့ကာပင့်ကာ နည်းနည်းလေးလောက်သာ စားတတ်တတ်မျိုးပါ။ ခန္ဓာကိုယ်က နည်းနည်းကလေး ပြည့်တယ်ဆိုတာ အစားအသောက် ကြောင့်တော့ ဟုတ်မနေပါဘူး။ ရိပေါ်ကတော့ ဘာစားစား တစ်ကိုက်တည်းနဲ့ စားနိုင်တဲ့သူ၊ အစားအသောက်ဆို ဘာချက်ကျွေးကျွေး၊ ဒါမှမဟုတ် အသင့်စား အစားအစာ ဖြစ်နေရင်တောင် အရသာရှိရှိစားပြီး ဗိုက်ဖြည့်တတ်တဲ့ ကလေးပဲ။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfikceဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...