အတူတူရယ်ဖို့ လွယ်တာပေါ့
အတူတူမောဖို့တော့ မလွယ်လောက်ဘူး ။ငါ့ရဲ့ ခက်တာတွေ ဒီလောက်ယူ
မင်းရဲ့ ခက်တာတွေ ဒီလောက်ပေးမိုးထဲ ...
ဖွေးဖွေးလှုပ်ပွင့်တဲ့ ခတ္တာပန်းတွေလို
ချစ်ရဲလို့လား ဘေဘီ.... ။_မြကျေး
သာမန်နေ့ကလေး တစ်နေ့သော်မှ သာမန်နဲ့ မတူတော့တဲ့ အချိန်တွေ ရှိတယ်။
သာမန်ဆိုတဲ့ သတ်မှတ်ချက်ကရော ဘယ်လိုများ ဖြစ်မှာလဲ။
အထူးတလည် မဟုတ်တဲ့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တွေဟာ သာမန်များလား။ ပုံမှန်ထက်ပိုပြီး ရယ်မောမယ်၊ ကြည်လင်လာမယ်၊ အကောင်းမြင်စိတ်မွေးဖြစ်မဲ့ အထူးလူသားကလေး ရှိလာရင် အဲ့တာ အထူးနေ့စွဲလေးများပဲ မဟုတ်ပါလား။ရိပေါ်က နောက်ထပ် သရဲ ကြောက်တဲ့အကြောင်း မပြောဖြစ်ပေမဲ့ သရဲ ကြောက်တုန်းပါပဲ။
စိတ်အစွဲဟာ ချွတ်ဖို့ ခက်ပါတယ်။ ရိပေါ်မှာ သေးသေးမွှားမွှား ကြောက်စရာလေးတွေ ရှိတယ်။ တစ်ခုခုမှာ ကြောက်လန့်နေရခြင်းတွေဟာ သိပ် မကောင်းပါဘူး။ဗိုက်ဆာမှာ ကြောက်တယ်။
အရိုက်ခံရမှာ ကြောက်တယ်။
အကောင်အသေးလေးတွေကို ကြောက်တယ်။
မှောင်တာကိုလည်း ကြောက်တယ်။အခုထိ ဖြစ်မလာသေးပေမဲ့
သူ့အစ်ကို သူ့ကို မောင်းထုတ်မှာလည်း ကြောက်ပါတယ်။အရိပ်မှာနေရင် အခက်မချိုးရဘူးဆိုတာ ကျင့်ဝတ်ပဲ။
စောင့်စည်း ထိန်းသိမ်းအပ်ရာပဲ။
Adam's apple လေးနဲ့ လည်တိုင် ကျော့ကျော့
ပြီးတော့ ထင်းလွန်းတဲ့ မေးရိုးဖျားလေးကို ထိ ဖွ ခွင့် ရဖူးရုံနဲ့ လုံလောက်ပြီ။
ခြေလှမ်းဟာ ဘယ်လောက် တိုးတိုး နောက်ဆုတ်လို့ရတဲ့ အကွာအဝေးကို အမြဲ ချန်ရမယ်။ တစ်သက်လုံး အတူရှိနိုင်ဖို့ ဆိုရင်ပေါ့။ရှောင်းကျန့် အထက်တန်း ရောက်လာခြင်းက ကျောင်းစာ ပိုလုပ်ဖို့ ဖြစ်လာခဲ့တယ်။ ရှောင်းကျန့်ဟာ အမြဲ အကွာအဝေးရှိတဲ့ လူပျိုပေါက် အရွယ် ကောင်ငယ်လေးရယ်ပါ။ (၁၆) နှစ်ဆိုတဲ့ အရွယ်မှာ ပိုပြီး အရပ်ရှည်လာတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးလာတယ်။ ယောက်ျားဆန်ခြင်းနဲ့ လှပခြင်း နှစ်ခုလုံးကို ပြောရမယ်ဆို အဲ့တာ ရှောင်းကျန့်ပဲ။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...