လူတိုင်းမှာ ကမ္ဘာနှစ်ခုရှိတယ်
တစ်ချို့ဆို ဒီထက်ပိုများနိုင်တယ်
အိပ်မက်တွေလိုပေါ့
မင်းပဲ မြင်ရတာတွေ
မင်းပဲ သိတဲ့ စိတ်ကူးတိမ်တွေမထိန်းချုပ်နဲ့တော့ ဘေဘီရေ
ကမ္ဘာနှစ်ခုကြားထဲ
ဒုဓလီပန်းတွေလို လွင့်နေ .... ။_မြကျေး
ဒုတိယနေ့မှာတော့ ရိပေါ်တို့ဆိုင်က တော်တော် ရောင်းရတယ်။ အမျိုးသမီး အသုံးအဆောင်တွေ၊ လက်ဆောင် ပစ္စည်းတွေ၊ သေးသေး မွှားမွှား ဖန်စီ လက်ဝတ်ရတနာတွေ၊ အဝတ်အထည်တွေ။ တန်ဖိုးမကြီးတဲ့ မက်မောဖွယ်ရာကလေးတွေ။
အများသောအားဖြင့်တော့ ဆယ်ကျော်သက် ကျောင်းသူ အမျိုးသမီးလေးတွေကို ဆွဲဆောင်ထားတဲ့ ပစ္စည်းတွေပါပဲ။ အထက်တန်းကျောင်းသူကလေးတွေ၊ တက္ကသိုလ် ကျောင်းသူလေးတွေ မုန့်စားရင်း၊ ဈေးဝယ်ထွက်ဖို့ကောင်းတဲ့ သာယာရှုပျော် နေရာကလေးပါ။
အဲ့ဒီတော့ ငယ်ရွယ် ချောမောတဲ့ ကောင်ကလေးတွေ နှုတ်သွက် အာသွက် လျှာသွက် ကောင်ငယ်လေးတွေ ရောင်းတဲ့နေရာမို့ ပိုပြီး ဆွဲဆောင် ထားနိုင်တယ်။ ဆူညံ လှုပ်ရှားနေတဲ့အထဲမှာ အော်ဟစ်ရောင်းချသံတွေနဲ့ အသက်ဝင်လို့။ လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံအချို့ရှိတယ်။ လူငယ်ဘဝရဲ့ အဓိပ္ပာယ်က ဤသို့ပဲ ဖြစ်ပါလိမ့်မယ်။
ဆူညံလှုပ်ရှားအထဲမှာမှာ ငြိမ်သက်နေတဲ့ ရေပြင်လေး ရှိတယ်။ သူက နေရာ အတည်တကျယူပြီး ပြုံးတောင် မပြုံးဘဲ ထိုင်နေတာ။ ရှောင်းကျန့်က လက်ကိုင်ပဝါလေးတွေကို ထိုင်ပြီး ပန်းထိုးနေတယ်။ သူ ရိပေါ်တို့ဆိုင်မှာ ထိုင်မယ်ဆိုကတည်းက တွေးမိတယ်။ အချိန်ကြာမှာမို့ အလကားနေတာထက်စာရင် ပန်းထိုးတာက အဆင်ပြေမယ်လေ။ တစ်ခုခုကို အာရုံစိုက်မိတဲ့က အချိန်က ပိုကုန်လွယ်တယ် မဟုတ်ပါလား။ရှောင်းကျန့်က ပန်းချီလဲ တော်တဲ့ ကောင်ကလေး။ သူ ဆွဲတာတွေက ခက်တာတွေတော့ မဟုတ်ဘူး။ ပျားကောင်လေး၊ ပန်းပွင့်၊ အသည်းပုံစံ၊ ငှက်ကလေး အဲ့လိုပုံစံလေးတွေပါ။ ရှောင်းကျန့်ရဲ့ embroidery လက်ရာက တော်တော်လေး သေသပ်ပြီး လှပတယ်။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...