ငါ့ကို ယုံ ဘေဘီ
စံပယ်တွေ ပွင့်လာအုံးမှာဒီနေ့
သို့မဟုတ်
မနက်ဖြန်မှာ ပေါ့ငါက ကြွေဖူးတယ်
ငှက်ဆိတ်
ခူးဖျက်
နှင်းခါး
အားလုံးကြုံဖူးတယ်
ငါ့ကို မပူနဲ့မင်းက
သစ်ရွက်နုလေး
မင်း မြင်ရမှာတွေ အများကြီးရှိနေသေးအလွယ်တကူ
ပြုတ်မကျစေနဲ့ ဘေဘီရေ.... ။_မြကျေး
ရှောင်းကျန့် ရော၊ ရိပေါ်ရော တော်တော်နဲ့ အိပ်မပျော်နိုင်ပါဘူး။
စကားတွေ အများကြီး ရှိနေပေမဲ့လဲ ပြောဖို့ မလိုသလိုမျိုး။ရိပေါ်က သူ့အစ်ကို မျက်နှာနုနုကလေးကို ကြည့်တယ်။
"အစစ အရာရာ အဆင်ပြေရဲ့လား"
"အင်း ကိုယ် အောင်မြင်နေတာ မဟုတ်လား"
"ရိပေါ်ရော"
"မပြေဘူး နေ့တိုင်း နေ့တိုင်းပဲ
ကောကို လွမ်းတယ်""နေ့တိုင်း နေ့တိုင်းပဲ တွေ့ချင်ပြီး
နေ့တိုင်း နေ့တိုင်းပဲ စိတ်ပူပြီး
မျှော်နေခဲ့တာပါ""အိပ်တော့"
နဖူးပေါ်ကျလာတဲ့ သူ့အစ်ကိုရဲ့ နှုတ်ခမ်းပါးလေးဟာ နွေးထွေးနေတုန်းပါပဲ။
စိတ်ရော ကိုယ်ပါ သူ့အတွက် နွေးတဲ့ သူ့အစ်ကိုဟာ ပြန်လာခဲ့ပြီပဲ။"ဟုတ်
ငါ ကော အိပ်ပျော်တဲ့အထိ စောင့်နေလို့ရော ရလား"ရှောင်းကျန့်က ဘာစကားမှ မဆိုဘဲ မျက်စိကို မှိတ်လိုက်တယ်။ ပြီးတော့ ဝမ်ရိပေါ်ရဲ့ ခါးကို သိုင်းဖက်ထားလိုက်တော့တယ်။ ဘာမဆို သူ့အရိပ်အခြေကို ကြည့်ပြီးနေတဲ့ ဒီညီလေးက ဘာကိုမှ ပြောင်းလဲသွားတာ မရှိဘူးပဲ။
ရိပေါ် နိုးတဲ့အချိန်မှာတော့ ရှောင်းကျန့်က ဖိနပ်ကို စီးပြီး အဆင်သင့်ဖြစ်နေခဲ့ပြီ။
"ကော"
"ဟင် နိုးပြီလား"
"ငါ ကောကို ဆက်စောင့်လို့ ရတယ်မလား"
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...