တစ်နေ့တာ မြစ်ကြောင်းလေး ရဲ့
ဒိုက်ဖတ်တွေကို ဆယ်ယူဖို့ဆိုတာ
ဘယ်လွယ်ပါ့မလဲ ဘေဘီရယ်တတ်နိုင်သလောက်ပေါ့
ရည်ရွယ်သူဆီ ရောက်တဲ့အခါ
ကြည်လင်နေဖို့ပေါ့ .... ။_မြကျေး
၂၅ .၃. ၂၀
ဝမ်ရိပေါ်က စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ သူ သူ့အစ်ကိုနဲ့ ပတ်သက်ပြီး ထိုးခဲ့တဲ့သူ။ သူ့အစ်ကို ဦးလေးနဲ့ အဆက်အဆံ ရှိတဲ့သူ။
"ပြောပါ"
"ဖြစ်ခဲ့တာ အားလုံးအတွက် တောင်းပန်ပါတယ်"
"ရပါတယ်"
"ရှောင်း ဒီက ထွက်သွားပြီး ကိုယ် အများကြီး နောင်တ ရခဲ့တယ်"
"ကိုယ် တကယ် ဝန်ခံတယ်။
မင်းကို မနာလို ဖြစ်ခဲ့တာ။
မင်းကို ထိခိုက်စေချင်ခဲ့တာ""အဲ့လိုနည်းနဲ့ ကိုယ်က ရှောင်းကို ကယ်တင်ပြီး ရှောင်း စိတ်ကို ရနိုင်လိမ့်မယ် ထင်ခဲ့တာ"
"ကိုယ် ဘာမှ မရခဲ့ဘူး
နောက်ဆုံး စိတ်ရော ကိုယ်ပါ အရာအားလုံးသုံးပြီး ရှောင်း ကာကွယ်သွားခဲ့တဲ့သူက မင်းပဲလေ""ကိုယ်က အခြားသူရဲ့ အသုံးချခံ ဖြစ်ခဲ့ရတယ်"
"ရှောင်းကတော့ ဘယ်သူ့အသုံးချခံမှ ဖြစ်မလာခဲ့ဘူး။သူ စုထားတဲ့ သက်သေတွေနဲ့
မင်း မထိခိုက်ဖို့ လဲယူခဲ့တာ"ဝမ်ရိပေါ်က သူ့အစ်ကို ကို နားလည်ခဲ့ပြီပဲ။
သူ့အစ်ကိုကို သူပြောပြချင်တာ။
သူက လုံခြုံချင်တာ မဟုတ်ဘူး။ အကာကွယ် ခံချင်တာ မဟုတ်ဘူး။ သူ့အစ်ကိုဘေးမှာ အတူရှိပေးချင်ရုံပါ။ အနောက်ကို လှည့်ကြည့်တဲ့အခါ သူ ရပ်နေကြောင်း သိစေချင်တာပါ။သူတို့က နာရီပေါင်း ဘယ်လောက် ခွဲခွာရမယ်ကို မသိဘူး။ နေ့ပေါင်း ဘယ်လောက် စောင့်ဆိုင်းရမယ် မသိဘူး။ ရာသီ တစ်ခုပြီးတစ်ခု ဘယ်လို ရေတွက်နေရမယ် မသိဘူး။
သေချာတာ သူက သူ့အစ်ကိုကို စောင့်နေမှာ။ ရပ်နေပေးမှာ။ တစ်နေ့မှာ သူ့အစ်ကို သူ့အနား ပြန်လာတာဖြစ်ဖြစ်၊ သူက သူ့အစ်ကိုအနား ပြန်သွားနိုင်တာဖြစ်ဖြစ်လေ။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...