Part (33)

609 65 2
                                    

ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုတဲ့
အစီအစဉ်မျိုးရှိမနေလည်းပဲ
မနက်ဖြန်ဆိုတာကတော့ ရှိတယ်

ဘေဘီရဲ့
ငါပြောမယ်

ငါတို့ တစ်စုံတစ်ဦးကို ချစ်သလို
ငါတို့ကိုယ်ငါတို့လည်း ချစ်ဖို့လို

သိတတ်နားလည်မှုမရှိတဲ့
တစ်ချို့အမှောင်ထုတွေအတွက်
မင်း ဧည့်ဝတ်ကျေစရာမလို ။

_မြကျေး

အရှိန်ပြင်းပြင်း မီးတောက်တွေ၊ တားဆီးကာရံနေတဲ့ လူတွေ ရှောင်းကျန့်ဟာ ဘာကိုမှ မမြင်ဘူး။

"ရိပေါ် ဝမ်ရိပေါ်"

မင်းကလေး မိုက်မဲလို့ မဖြစ်ပါဘူးကွယ်။

"ရှောင်းကျန့်"

"ကျန့်ကျန့် ဒီလို လုပ်လို့ မရဘူး"

ရှောင်းကျန့်က တားနေတဲ့ လူအုပ်ကြီးထဲကနေ အိမ်ထဲကို ဇွတ်တိုးဝင် သွားတော့တယ်။

လောင်ကျွမ်းနေတဲ့ မီးတောက်တွေကြားက ဝမ်ရိပေါ်က ဘယ်မှာများလဲ။

"ရိပေါ်အာ"

"ရိပေါ်အာ အသံကြားရင် ကောကို ထူးပါ"

မီးအရှိန်ပြင်းဆုံး အခန်းနားကို ရောက်လာတာနဲ့အမျှ လုံလောက်တဲ့ လေဟာ မရှိတော့ဘူး။
မီးလောင်ကျွမ်းလို့ သေကြတာအပြင် မီးလောင်ပြင်မှာ လူတွေ သေဆုံးရတာ အသက်ရှူ မဝလို့ပဲ။

"ရိပေါ်"

ရှောင်းကျန့်ရဲ့ မျှော်လင့်ချက်‌ကလေးဟာ ရှင်သန်နိုင်ပါ့မလား။

"ကောကော"

"ရိပေါ် မဖြစ်ဘူး"

ထုပ်တန်းပေါ်က အညွန့်ကျိုးလာတဲ့ မီးတောက် တစ်ခုဟာ ရိပေါ်ရဲ့ဆီကို ဦးတည်လို့။
ရှောင်းကျန့်က အချိန်မီအောင် ပြေးပြီးတာနဲ့ ဝမ်ရိပေါ်ကို လှဲချလိုက်တယ်။ အခြားမီးညွန့်တစ်ခုက ဝမ်ရိပေါ် ခြေထောက်ပေါ်ကို လာထိလို့။
ရှောင်းကျန့်က သူ့အပေါ် ကုတ်အင်္ကျီကို ချွတ်ပြီး အားပြင်းပြင်းနဲ့ ရိုက်ချလိုက်ပါတယ်။

"ရိပေါ် ရိပေါ်
သတိထားပါဦးလား"

ရိပေါ်ရဲ့ အသံဟာ လုံးဝ ထွက်မလာတော့ဘူး။ အရူးမီးဝိုင်းဆိုတဲ့ ပူလောင်မှုဟာ ရှောင်းကျန့်အတွက်ပါပဲ။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now