Part (20)

755 78 0
                                    

စွန့်ပစ်တာထက်
မေ့လျော့လက်လျှော့လိုက်ခြင်းက
ဆုံးရှုံးမှုကို ပိုဖြစ်စေတယ်

ငါတို့ဟာ
တစ်စုံတစ်ဦးကို ထို့သို့ပြုကျင့်ဖူး
ငါတို့ဟာ
တစ်စုံတစ်ဦးကြောင့် ထိုသို့ပြုလုပ်ခံရဖူး

ဘေဘီရယ်
ငါတို့မှာ မရှိတော့တာတွေက
ငါတို့ မလိုချင်တာတွေကြီးပဲ မဟုတ်ခဲ့ ။

_မြကျေး

အိမ်ကိုပဲ ဦးတည် ပြန်ခဲ့ကြပြီး အိမ်တံခါး သော့ကို ဖွင့်လိုက်တာနဲ့ ရှောင်းကျန့်က ဘာနဲ့မှ မတူတဲ့ နွေးထွေးမှုကို ရတယ်။

"ကော ဘာစားမလဲ
အရင် နားမလား"

"ကိုယ့် အိပ်ရာခင်းတွေ လဲပေးထားတာလား"

"ဟုတ်တယ်"

"အရုပ်ကိုတော့ တကယ်ယူထားတာပဲ
ပြစမ်း မင်းသွားရေတွေလား"

"မဟုတ်တာကို ကောက"

‌ရှောင်းကျန့်လက်ထဲက အရုပ်ကို ရိပေါ်က လုတော့ ရှောင်းကျန့်က ခြေဖျားကို ထောက်လိုက်တယ်။ ဘယ်လောက်ပဲ ဝမ်ရိပေါ်က အရပ်ရှည်လာတယ်ဆိုဦး အရပ်မြင့်တဲ့ထဲမှာပါတဲ့ ရှောင်းကျန့်ကိုတော့ မမီသေးဘူးပဲ။ သူ့ခါးကို သန်မာတဲ့ လက်တွေနဲ့ တင်းကျပ်အောင် သိုင်းဖက်လိုက်တဲ့အခါမှာတော့ ရှောင်းကျန့်ရဲ့ နှလုံးသားလေးဟာ ယားယံလာတော့တယ်။

"တော်ပြီ တော်ပြီ
အရုပ်ကို မင်းပဲ ယူထားတော့
ဘာ်လိုတောင် အားသန်နေရတာလား"

"ကော နာလို့လား"

"ငါက ကလေးလား"

"မနက်ဖြန် ကော ဘယ်သွားချင်လဲ"

"တစ်လပဲ ရှိသေးတယ် ဝမ်ရိပေါ်
မင်းက ဆိုင် မသွားဘူးလား"

"အာ ဟုတ်ပြီ
သွားမှာ ဟုတ်ပြီလား"

တကယ်တော့ ရှောင်းကျန့်လဲ ရိပေါ်ကို လွမ်းတယ်။ အစောပိုင်းရက်တွေမှာ အသားကျဖို့ ခက်တာပဲ။ အခြား ဆယ်ကျော်သက်တွေအတွက်တော့ အပျံသင်စ အိမ်နဲ့ခွဲရတာ စိတ်လှုပ်ရှားစရာပဲ။ အိမ်လွမ်းလို့ ငိုတဲ့ အချို့တလေကလွဲရင်။ ရှောင်းကျန့်ကတော့ အရွယ်မရောက်ခင် အပျံသင်ခဲ့ရပြီးပြီ။ သူတို့ကိုယ်သူတို့ အပြန်အလှန် စောင့်ရှောက်ခဲ့လို့သာ ဒီအထိ သက်တမ်းရှည်နေတာပဲဟာ။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now