ရုပ်ရှင်ထဲကအတိုင်းပဲလို့ ရုပ်ရှင်ထဲမှာပြောကြသလို
လူဆိုးတွေအကုန်သေမယ်
သက်တံကြီးထွက်လာမယ်
ကလေးတွေ စွန်လွှတ်နေကြမယ်ငါတို့ရုပ်ရှင်မှာတော့
ငါတို့ဟာ အသည်းကွဲသမား
ငါတို့ဟာ ပြတ်သွားတဲ့စွန်
ငါတို့ဟာ တိမ်မရှိကောင်းကင်ဘေဘီရေ
ခဏခဏပြတ်ရှရပေမယ့်
အသက်ပြင်းတဲ့ မြက်မုန်ညင်းတွေလို နေ ... ။#မြကျေး
ဘယ်သူမှ ရှိမနေခဲ့တဲ့ သူ့အစ်ကိုရဲ့ အပိုင်းအကန့်လေး တစ်ခုချင်းစီတိုင်းကို ဝမ်ရိပေါ် သဘောကျတယ်။ ဘယ်သူနဲ့မှ မျှဝေ သုံးစွဲစရာမလိုတဲ့ သူ့အစ်ကိုရဲ့ အပြုံးနုနုလေးကို သဘောကျတယ်။
ရိပေါ်က သူ့အဖေအသစ်ရဲ့ အသိုင်းအဝိုင်းနဲ့ ပတ်သက်ရင် ဘယ်လို ဆက်ဆံရမလဲဆိုတာ မသိဘူး။ ရှောင်းကျန့်တို့ အမေဘက်က အမျိုးအဆွေတွေက တော်တော်လေး ကြီးပါတယ်။ အခုအချိန်ထိ ရှောင်းကျန့်အဖေက ဒီလူတွေနဲ့ အလုပ်လုပ်နေကြဆဲပါပဲ။
အမျိုးအဆွေ တော်တော်များများက ရိပေါ်တို့ သားအမိကို သဘောမကျပါဘူး။
ရှောင်းကျန့်အမေရဲ့ နှစ်ပတ်လည်က ဩဂုတ်လ အစ ထဲမှာ။ ရိပေါ်တို့ အိမ်ကိုရောက်တာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ ရိပေါ်အတွက်တော့ ပထမဆုံး ကြုံရတဲ့ နှစ်ပတ်လည်ပါပဲ။ရိပေါ်ရော၊ သူ့အမေရောက မအားခဲ့ပါဘူး။ ဇနီးဟောင်းရဲ့ နှစ်ပတ်လည် ဂါရဝပွဲ အပြင်အဆင်အတွက်နဲ့ တစ်နေ့လုံး အလုပ်များနေခဲ့တယ်။ ကန်တော့ပွဲ ပြင်ဆင်တာ၊ ဆွေမျိုးတွေအတွက် ပြင်ဆင်ရတာနဲ့ မအားလပ်ရပါဘူး။
ရှောင်းကျန့်ရဲ့ မျက်နှာလေးကလည်း အများကြီး အုံ့မှိုင်းနေသလို ထင်ရတယ်။
မလွမ်း ဘယ်မှာ ရှိမှာလဲ။
အနည်းဆုံးတော့ သူ့လို မိသားစုက မဟုတ်ခဲ့ဘူးလေ။ တိုတောင်းရင်တောင် ပိုကောင်းမွန် နွေးထွေးတဲ့ မှတ်ဉာဏ်ဟာ ရှိခဲ့မှာပဲ မဟုတ်လား။"ကျန့်ကျန့်ကိုရော သေချာ ဂရုစိုက်ဖြစ်ရဲ့လား"
"ငါ့သမီးက အစောကြီး
နောက်လူ ကောင်းစားဖို့ သေရတာ"
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanficဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...