မငိုပါနဲ့လို့
ငါ ဘယ်တော့မှ မပြောငိုစရာရှိရင် ငိုပါလို့
ငါ ပြောမယ်ဘေဘီရယ်
မျက်ရည်ဆိုတာ ကျန်းမာရေးပဲ...။_မြကျေး
အပြိုင်းအရိုင်း ထနေတဲ့ နာကျင်စရာဖြစ်ဖြစ်၊ အမြဲလိုက်ပါနေတဲ့ ခြေရာဖြစ်ဖြစ် အခုတော့ သူတို့အားလုံး ဖျက်ပစ်ချင်ပါပြီ။
ရှောင်းကျန့်က ဝမ်ရိပေါ်လေးရဲ့ အချုပ်ကာလ (အမှုရင်ဆိုင်ကာလ) တွေကို သွားတွေ့ပါတယ်။
"နောက်တစ်ခါ ဒီလို မဖြစ်ရဘူးနော်" ဆိုတော့ သူက ပြုံးတယ်။
"ကောကောဆီမှာ နောက်တစ်ခါတွေ မရှိအောင် ငြိမ်းချမ်းပြီပဲ" တဲ့။အမှုအတွက် ကူညီဖို့ ကျိုးချန်ကလဲ ကြိုးစားပါတယ်။ သူ အားလုံး နားလည်နေခဲ့တာပါပဲ။ ဘာအတွက်ကြောင့်လဲဆိုတဲ့အကြောင်းပြချက်က အပြစ်ကင်းကြောင်း ပြသဖို့အတွက် အထောက်အကူ မပြုနိုင်ဘူးလေ။
လူမှုအဖွဲ့အစည်းက တရားမျှတမှုတွေကို မြန်မြန်ယူပေးနိုင်ချင်မှ ယူပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ အချို့နေရာတွေမှာတော့ မကောင်းတဲ့သူတွေကို ကာကွယ်ပေးထားတတ်တယ်။ ဥပဒေဘက်က လူတစ်ယောက်က ဒီလိုတွေးနေတယ်ဆိုတာ မဖြစ်သင့်ဘူး မဟုတ်လား။ သူက ရှောင်းကျန့်နဲ့ ပတ်သက်ရင် ဘက်လိုက်ချင်တဲ့ ဉာဉ်ကလေးတစ်ခု သူ့မှာရှိနေတုန်းပဲလေ။
ရှောင်းကျန့်က ညတွေမှာ မအိပ်ဘူး။
ဝမ်ရိပေါ်နဲ့ တွေ့တဲ့ နေ့တွေမှာသာ ပြုံးရွှင်ကြည်သာ ရှိပေမဲ့ ကျန်တဲ့ရက်တွေမှာတော့ သူက စိတ်ကျတာ၊ ဒါမှမဟုတ် မရပ်မနား ကြိုးစားနေတာမျိုးကိုပဲ မြင်တွေ့ရလိမ့်မယ်။_____________
"ကျိုးချန် ငါ့ကို ကူညီပါ"
"ကျန့်ကျန့်
ငါ ကြိုးစားပါ့မယ်""ငါ ပြောတာ မင်း ဒူးထောက်ရုံနဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ"
"ကျိုးချန် ငါတို့ အပြစ်ကို မခံယူမှာ
ရှောင်ပြေးမှာ မဟုတ်ပါဘူး
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...