Part (14)

873 77 0
                                    

ပျော်စရာကို
မသေပန်းပွင့်လို ရှာ
ပျော်စရာဆို      
ပုရွက်ဆိတ်သားပေါက်လေးလောက်ပါဆိုလည်း
အလွတ်မခံနဲ့ 

မင်းမချစ်တဲ့ 
အဆင်မပြေမှုနဲ့ အနာတရက
မင်းကို အမြဲရှာတွေ့နေမှာမို့ပါ
ဘေဘီရာ ။  

_မြကျေး

ရှောင်းကျန့်က ကျောင်းအင်္ကျီအဖြူကို ဝတ်ထားတယ်။ သူ့ကောက ကျောင်းအစောကြီး သွားတော့မှာလားလို့ သူတွေးမိလိုက်သေးတယ်။ ရှောင်းကျန့်ရဲ့ ကျောင်းအဖြူ ရှပ်အင်္ကျီက ကြယ်သီး နှစ်လုံးလောက် လွတ်နေသေးတယ်။ ဒီအခိုက်အတန့်ဟာ ဘာလဲဆိုတာကို ရိပေါ် မတွေးနိုင်တော့ဘူး။

စင်းကျနေတဲ့ ဆံပင်က ရေစိုနေတယ်။ ရှောင်းကျန့်ရဲ့ အင်္ကျီအဖြူကလည်း ရေစိုနေပြန်တာပဲ။ ရေစိုနေတဲ့ဆီကနေ သေးသွယ် ကျဉ်နေတဲ့ ခါးကို မြင်ရတယ်။ အရမ်းသေးတယ်။ သူ့အစ်ကိုက အင်္ကျီ လဲချင်နေပုံရပြီး မူမှန်မနေဘူး။ ရီဝေနေတဲ့ မျက်လုံးဝိုင်းတွေက သူ့ကို ကြည့်နေသေးတယ်။ ပြီးတော့ လက်နှစ်ဖက်က ရှပ်အင်္ကျီရဲ့ အောက်အနားစ နှစ်ခုကို ကိုင်မြှောက်ပြီး အဝတ်လဲတော့မဲ့ပုံပဲ။

"မလုပ်နဲ့
မချွတ်နဲ့"

ဝမ်ရိပေါ် ရုတ်တရက် ထ ထိုင်လိုက်တယ်။ သူ့အစ်ကိုက အိပ်ပျော်နေတုန်းပါပဲ။ အပြင်မှာလဲ သူ အော်ပြီး တားလိုက်မိပုံ မရဘူး။ သူ နှစ်ချက်လောက် လှုပ်လိုက်ရင်တောင် အလွယ်နိုးတဲ့ သူ့အစ်ကိုလေ။

ဝမ်ရိပေါ် သူ့ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကို အံ့ဩမိတယ်။ ဘယ်လိုဖြစ်လို့ သူ့အစ်ကို ခန္ဓာကိုယ်အကြောင်းကို wet dream အနေနဲ့ မက်နိုင်ရတာလဲ။ သူ့အောက်က ညီလေးကရော ဘာလို့ သူ့အစ်ကိုကြောင့်နဲ့ မာလာရတာလဲ။

ရိပေါ် သန့်စင်ခန်းထဲ အမြန်ဝင်လိုက်တယ်။ သူ့ညီလေးကို ဘယ်လို ဖြေရှင်းရမလဲ မသိဘူး။ လောလောဆယ် ရေအေးသုံးပြီးပဲ တည်ငြိမ်အောင် အရင် ကြိုးစားလိုက်တယ်။ အဲ့တာ ဘယ်က စတာလဲဆို မနေ့ညက ရှောင်းကျန့် သူ့နှုတ်ခမ်းကို နမ်းလိုက်တာက စ တာဖြစ်မယ်။ ရှောင်းကျန့်သူ့ကို ပထမဆုံး နမ်းတုန်းက လမ်းမပေါ် ဖြစ်နေတာရော၊ ဘယ်လို တုန့်ပြန်ရမလဲကို ခန္ဓာကိုယ်ကပါ မသိတဲ့ပုံပါပဲ။ သူ့အတွက် အဲ့လောက်ထိ ပြင်းထန်တဲ့ တုန့်ပြန်မှု မဖြစ်ခဲ့ဘူး။ မနေ့ညက အနမ်းကတော့ မတူဘူး။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပူထူလာပြီး အောက်ပိုင်းကလဲ တုန့်ပြန်လာခဲ့တယ်။ ဒီအတိုင်း အနမ်းလေးက သူ့ကို မာ စေတယ်တဲ့။ သူ ဖောက်ပြန်နေတာ မဟုတ်ဘူးလား။ ဒါမျိုးကိစ္စတွေ သူ ဘယ်သူ့ကြောင့်နဲ့မှ မဖြစ်ဖူးဘူး။ အချိန်တော်တော်ကြာအောင် ရေအေးတွေ လောင်းချပြီးတော့မှ သူ့ရဲ့ ရှောင်ဝမ်က ငြိမ်သွားတော့တယ်။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now