Part (26)

560 68 0
                                    

တစ်ယောက်အသံ တစ်ယောက်မကြားတော့ရင်
ခက်ပြီ ဘေဘီ

လူနှစ်ဦးရဲ့ အကွာအဝေးဟာ
ချစ်စိတ်နဲ့ တိုင်းရတာ

လက်ကို ဆွဲမထားလည်း ရတယ်
အဆက်အသွယ်သာ မပြတ်စေနဲ့ .... ။

_မြကျေး

"ဒီမှာ တစ်ခါလောက်တော့ စားကြည့်ပါ
မင်း ကြိုက်မှာပါ"

ရှောင်းကျန့်က အပြင်းဖျားပြီး အစာမစားနိုင်တာ နှစ်ပတ်လောက် ရှိပြီ။ ဆေးကြောင့်သာ အခုလို နလန်ထူလာနိုင်တာ။ ဩဂုတ်ရဲ့ လေနုအေးနဲ့အတူ ရှောင်းကျန့်အတူ ပိုကောင်းမွန်လာဖို့ ဘာလုပ်ရမလဲဆိုတာ ကျိုးချန် မတွေးတတ်ဘူး။ ‌

နောက်ဆုံးတော့ သူက ဒီဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာ Luoyang Water Banquet ကို မှာတယ်။ ဒီဆိုင်က street food ကနေ ပွဲတော်ဟင်းပွဲတော်ထိ လော့ရန်နဲ့ ပတ်သက်ရင် အကုန်ရနိုင်တဲ့ နေရာလေ။

နေရာက တိတ်ဆိတ်တယ်။ အများအားဖြင့်တော့ ‌တရုတ်မိသားစုတွေ တွေ့ဆုံပွဲ ရှိတဲ့အခါမျိုးမှာသာ ဒီဆိုင်ကို လာတတ်တာမျိုးပါ။ မှာထားတဲ့ ဟင်းပွဲတွေ ရောက်လာတဲ့အခါမှာတော့ ရှောင်းကျန့်က တို့တိ တို့တိပါပဲ။

နောက်ဆုံးတော့ ကျိုးချန်က ခေါက်ဆွဲတစ်ပွဲကို မှာတယ်။

"ဒီခေါက်ဆွဲကို ချက်နိုင်တဲ့သူက ဘယ်နေရာမှာမဆို ရှိနေတာလား"

"လော့ရန် ဇာတိ ဆိုရင်ပေါ့"

ရှောင်းကျန့်က အခုမှ သဘောပေါက်တော့တယ်။ သူ အမြဲစွဲလန်းနေတဲ့ ခေါက်ဆွဲက လော့ရန်ဒေသက လာခဲ့တာပဲ။ ဝမ်ရိပေါ့ မားမားက လော့ရန် ဇာတိသူလေ။ ဒါဆို ဒါက လူပုဂ္ဂိုလ် မဟုတ်ဘဲ ဒေသနဲ့သာ သက်ဆိုင်တဲ့ အစားအစာ တစ်ခုဆိုတာပဲပေါ့။

"မင်းတို့ကရော လော့ရန်ကလား"

"မဟုတ်ပါဘူး"

ကျိုးချန်က ပြုံးရွှင်စွာနဲ့ ခေါင်းကိုရမ်းပြီး ပြောလိုက်တယ်။ အချို့အရာတွေအတွက် သူ့မှာ စကားလုံး မလိုခဲ့ဘူး။

သူက ရှောင်းကျန့် ကြိုက်တဲ့ ခေါက်ဆွဲကို ရှာတွေ့ဖို့ အများကြီး စုံစမ်းခဲ့ရတဲ့ အကြောင်း။ လော့ရန် ခေါက်ဆွဲကို ချက်ဖို့အတွက်နဲ့ စားဖိုမှူးကို သူတို့အိမ်မှာ ငှားခဲ့တဲ့အကြောင်း။ အစားနည်းတဲ့ ရှောင်းကျန့် တစ်ခါလောက်လေး သက်တောင့်သက်သာ စားရင်ပဲ သူ့ရဲ့ ရည်ရွယ်ရာက ပြီးမြောက် အောင်မြင်တာပဲ မဟုတ်လား။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now