ကိုယ် နောက်ကျလို့ မဟုတ်ဘဲ
မင်း စောရောက်နေတဲ့ ညနေခင်းတွေမှာတိမ်တွေကိုကြည့်
လမ်းလေးဘာလေးလျှောက်
ကလေးတွေနဲ့ ကစားတစ်ယောက်တည်းလို့တော့
မတွေးပါနဲ့ ဘေဘီ.... ။ ။_မြကျေး
တစ်နေ့တာရဲ့အကြောင်း ဖြောင့်ဖြောင့် တွေးနိုင်ဖို့ လိုတယ် တဲ့။ အဲ့တာက မနက်ဖြန် ဘာဖြစ်မလဲ စိတ်ကူးလို့မရတဲ့ ကျဉ်းထဲ ကျပ်ထဲ အခြေအနေတွေထဲက လူတွေ အတွက်ပေါ့။
အတိတ်က ပြန် မလွမ်းဆွတ်ချင်စရာ၊ မတွေးတောချင်စရာ၊ လှည့်မကြည့်ချင်စရာ ဖြစ်နေဦးပေါ့။ မနက်ဖြန်ဆိုတာ မျှော်လင့်နိုင်ရင်၊ စိတ်ကူးနိုင်ရင် ပိုကောင်းတယ် မဟုတ်လား။
ရှောင်းကျန့်နဲ့ ရိပေါ်က အိမ်အသစ်ကလေးကို ပြင်ဆင်နေပါတယ်။ သူတို့ နှစ်ယောက်လုံးအတွက် နေရာသစ်ဟာ လိုတယ်။ အထပ်ခိုးလေးဖြစ်ဖြစ်၊ ခပ်ကျယ်ကျယ် ခြံဝန်းကျယ်ဖြစ်ဖြစ် ဒဏ်ရာကို ပြန်တွေးမိစေနိုင်ရင် လွှတ်ချခဲ့ရမှာပဲ။ အခု သူတို့ရဲ့ အိမ်ဆိုတာ အနည်းငယ် ကျယ်တဲ့ ခြံဝန်းလေး၊ အရှေ့မျက်နှာစာမှာ ဆိုင် တစ်ခု ဖွင့်လို့ရတဲ့ အကျယ်၊ ခြံထဲမှာတော့ စိမ်းမြ ရောင်စုံစိုစို စိုက်ပျိုးလို့ ရတဲ့ မြေနေရာရယ် မပါမဖြစ်ကတော့ နှစ်ထပ်ပဲ မြင့်တဲ့ လုံးချင်းအိမ်လေးပေါ်က ခေါင်မိုး ထိုးမထားတဲ့ ဟင်းလင်းပြင် ထပ်ခိုးပါပဲ။
သူတို့ နှစ်ယောက်လုံးက ထပ်ခိုးကိုပဲ ပိုပြီး အာရုံစိုက်ပြီး ပြုပြင်ကြတယ်။ ဘာဖြစ်လို့လဲဆို ထပ်ခိုးက သူတို့ မကြာခဏ အတူရှိကြ၊ အပန်းဖြေလို့ ရမဲ့ နေရာ ဖြစ်လို့ပါပဲ။
ထပ်ခိုးမှာ အောက်ဆီဂျင် ကောင်းကောင်းရမဲ့ စိမ်းမြမြ ပန်းအိုးလေးတွေ စိုက်တယ်။ ပန်းကိုတော့ Aster ပန်း တစ်မျိုးတည်းကိုပဲ စိုက်တယ်။
အရောင်စုံလင်တဲ့ aster ပန်းတွေက ကြယ်တွေ တလက်လက် ဖြစ်နေသလိုပေါ့။ပန်းရနံ့ ချိုအီအီတွေကို ရိပေါ်ရော ရှောင်းကျန့်ရောက မကြိုက်ပါဘူး။ ကြယ်ပန်းတွေဆီက သဘာဝနဲ့ အရမ်းနီးစပ်တဲ့ ချိုမြလတ်ဆတ်တဲ့ အနံ့ကိုတော့ သူတို့ နှစ်ယောက်လုံး ကြိုက်ကြတယ်။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanficဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...