Part (30)

673 69 6
                                    

ငါတို့ဟာ ငါတို့လိုမနေဖို့
အကိုင်းချိုးခံရတယ်
အရွက်ခြွေခံရတယ်

အရှင်လတ်လတ် သေရ
သေလုမြောပါးကနေ ပြန်ရှင်ရ

နာစရာဒဏ်ရာကို
လူနဲ့လူချင်းပဲ လုပ်နိုင်ပါတယ်
ဘေဘီရယ် ။

_မြကျေး

နေရောင်ခြည်နုနု‌ကလေးရဲ့ သာယာ ကြည်လင်မှုကိုလဲ ဘယ်လိုနည်းလမ်းနဲ့မှ မေ့ဖျောက်ပစ်မှာ မဟုတ်ပါဘူး။ ရှောင်းကျန့် ပြန်မလာနိုင်လောက်သေးဘူး။ သူက ဆက်စောင့်ရမယ်လို့ တွေးပြီးတာတောင် သူက သူ့အစ်ကို ပြန်လာမလား စောင့်နေမိတုန်းပဲ။

ဆိုင်ကို အစောသိမ်းဖို့ ကြိုးစားချင်မိတုန်းပဲ။ မီးမဖွင့်ထားတဲ့ အခန်းကိုမြင်မှ သူ့အစ်ကို တကယ် ထွက်သွားတာကို လက်ခံယူရတယ်။

ရိပေါ်ကို မီးကို မဖွင့်ဘဲ နံရံထောင့်မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။ အသက်ရှူသံ ပုံမှန်ဖြစ်ဖို့ကိုလဲ အတော်လေး ကြိုးစားယူရတယ်။ စိတ် ငြိမ်သက်ဖို့ကိုလဲ ကြိုးစားယူရတယ်။ ပုံမှန်ဖြတ်သန်းလာသမျှ တစ်နေ့တာဟာ ဒီနေ့မှ အများကြီး ပိုပင်ပန်းရသလိုပဲ။ ဘယ်လောက်တောင်မှ၊ ဘယ်လောက်တောင်မှ သူဟာ ကောကောကို မှီတွယ်ထားရတာလဲ။

လွမ်းတယ်။

....

"မိုးချုပ်နေပြီ ဒီမှာပဲ အိပ်ပါလား ကျန့်ကျန့်"

"ငါ အိမ် ပြန်ချင်တယ်"

အိမ်ဆိုတဲ့ စကားလုံးအသုံးကို ရှောင်းကျန့် ခင်တွယ်လာတာ ဝမ်းသာ ပေးရမလား။ ဒါမှမဟုတ် ဝမ်းနည်းရမှာလား။ တကယ်တော့ ကျိုးချန် နားမလည်ဘူး။

"ကျန့်ကျန့်
အိမ်ပြန်တာ သူ့ကို အန္တရာယ်ကြားထဲ ဆွဲခေါ်သလို မဖြစ်ဘူးလား"

"ငါ မခေါ်လဲ သူက ရောက်နှင့်နေပြီးသားလေ
မင်းလဲ သိတယ်မလား"

"ငါ တမင် မပြောခဲ့တာ မဟုတ်ပါဘူး"

"ငါ သိပါတယ်"

"ငါ့အမေ စကားကြောင့် အိမ်ပြန်ဖို့ လိုတာလား"

"မဟုတ်တာဘဲ
ငါ နားလည်ပါတယ်
မင်း ကြောင့် မဟုတ်တာကို"

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now