Part (32)

594 61 2
                                    

ထိလိုက်တာနဲ့
ကြွေလုမတတ်
နှစ်ဟောင်း စက္ကူစ
မသန်မာတော့တဲ့ ပွင့်ချပ်
ယိုယွင်း အဆောက်အအုံ 
မှတ်စုထဲ
ထပ်တိုးတစ်ခု
လူ့အတွင်းဝိဉာဥ်ယဲ့ယဲ့လေး  ... ။

_မြကျေး

"အဓိက သံသယ တရားခံ နှစ်ဦးမှာ လွတ်မြောက်နေဆဲ"

ရှောင်းကျန့်က ဒီအတိုင်း အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာကို ရိပေါ်သိတယ်။
ဒီရက်တွေထဲမှာ သူ့တို့ရင်ထဲမှာ အလုံးအခဲတွေ တဖြည်းဖြည်း ကျေကျလာတာတွေရှိသလို၊ ပို လေးလံလာရတာတွေလဲ ရှိတာပါပဲ။

မတရား ရယူထားသမျှက တတိတိလေး ပြိုပျက်သွားတာကို သွေးအေးအေး ကြည့်ရတာ ကောင်းတယ်။

တပ်ထားသမျှ မျက်နှာဖုံးတွေကို တစ်ချပ်ချင်း ခွာချရတာလဲ ကောင်းတယ်။

သေလွန်ပြီးသူတွေအတွက် မျှတမှုအနည်းအကျဉ်း၊ အမှန်တရားတစ်ခု ထုတ်ဖော်ခွင့်ရတာလဲ ကောင်းတယ်။

ရှောင်းကျန့်အတွက်တော့ ဒီလိုနေ့ရက် ရောက်ဖို့ကိုပဲ ခရီး အဝေးကြီး လျှောက်ခဲ့ရတာ။

ဘယ်လောက်တောင်မှ ပင်ပန်းရလဲ။ သူ့ဘဝတစ်ခုလုံးကို ပြောင်းပြန် ပြောင်းလဲခဲ့ရတာ။
သင်္ချာ ကိန်းဂဏန်းတွေအစား အခြားအရာတွေကိုပါ စိတ်ဝင်စားလာဖို့၊ ချစ်ရသူတွေ အနားက ပြေးထွက်ခဲ့ရတာရော အားလုံးက ဒီအတွက် တစ်ခုတည်းကြောင့် မဟုတ်လား။

ပြည်ပထွက်ပေါက်တွေ အားလုံး ပိတ်ဆို့ဖို့ နယ်စပ်ဂိတ်တွေ အားလုံးကို တင်းကျပ်ဖို့ ရသမျှ အဆက်အသွယ်ကိုယူပြီး ရှောင်းကျန့်က ထိန်းချုပ်တယ်။

ဒါပေမဲ့ တရားခံရဲ့ အနံ့ဟာ ရမလာသေးဘူး။
နာမည်ရှိ ကုမ္ပဏီ တစ်ခုရဲ့ ရှေ့ထွက်လူတွေ ဖြစ်တာမို့ ဒီသတင်းက ထင်ထားသလိုပဲ မီဒီယာ အတန်းရှင်းရော၊ လူစိတ်ဝင်စားမှုရော ရခဲ့ပါတယ်။

"ရိပေါ်
ကိုယ်နဲ့ ခဏ လာနေမလား"

"ကျနော့်ကို စိတ်မပူလဲ ရပါတယ်"

"ဟင့်အင်း ကိုယ် မင်းကို စိတ်ပူတယ်"

"မင်း ထိခိုက် ဒဏ်ရာ ရမှာကို"

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now