ဦးနှောက်ရဲ့ အရက်စက်ဆုံးအပိုင်းက
မှတ်ဥာဏ်တွေပဲ ဘေဘီရဲ့လက်ခံရမယ်
မင့်က
ရွှေငါးလေးမှ မဟုတ်တာပဲ .... ။-မြကျေး
လွှတ်ချလိုက်တဲ့အခါ ပေါ့ပါးသွားတယ်တဲ့။
ရှောင်းကျန့်အတွက်တော့ ဒီအခြေအနေဟာ လွှတ်ချဖို့အတွက်လဲ မဟုတ်။ ဆက်ပြီး ဆွဲထားနိုင်သေးလားလဲ မသေချာတဲ့ အခြေအနေပါပဲ။လက်ရှိမှာ အကောင်းဆုံး နေထိုင်မယ်။
ပြီးတော့ အကောင်းဆုံး ရင်ဆိုင်မယ်ရယ်ပေါ့။
အနည်းဆုံးတော့ သူ့အဖေက သူနဲ့အတူ ရှိနေပါသေးတယ်။ရှောင်းကျန့်အဖေက အတော်လေး အလုပ်ရှုပ်တယ်။ အရာအားလုံးက သတိထားဆက်ဆံရမဲ့ အခြေအနေတွေပဲ မဟုတ်လား။
အလင်းရောင် သဲ့သဲ့လေး တွန်းဖယ်လာတဲ့အခါ ရှောင်းကျန့်က အခန်းထဲက ထွက်လိုက်တယ်။ ဒီနေ့ဟာ တော်တော်လေး စောနေသေးတယ်။ သူ့ဘေးနားက အခန်းလေးက တံခါးသေးသေးလေးပဲ ဖွင့်ထားပုံထောက်တော့ အိပ်ပျော်နေတုန်းပဲ ဖြစ်လိမ့်မယ်။ ဝမ်ရိပေါ်ဟာ ကြောက်တတ်တဲ့ ကလေးလေးပါပဲ။
ကောင်းကင်က ကြည်လင်ပြာလဲ့နေတာပဲ။ ရှောင်းကျန့်က ဖုန်းကိုထုတ်ပြီး မိုးလေဝသ အခြေအနေကိုတောင် ကြည့်လိုက်သေးတယ်။ မနက်စာ စားဖို့အတွက်တော့ သူ ဝမ်ရိပေါ်ကို စောင့်မှ ဖြစ်မယ်။ သူ့အဖေရော၊ အန်တီရောဟာ ခရီး ထွက်ခွာနေတယ် မဟုတ်လား။
မကြာသေးမီကပဲ ရှောင်းကျန့်က သူ့ဦးလေး၊ သူ့အဘိုးတို့နဲ့ တွေ့ဖြစ်သေးတယ်။ မေမေက ဘယ်လောက်ဖိအားများလို့ အဆုံးသတ်သွားရလဲ သူ မသိဘူး။ သူ့ဉီးလေးနဲ့ သူ့အဘိုးက အမြဲလိုလိုမှာ ဖေဖေနဲ့လည်း ရင်းနှီး၊ သူ့ကိုလည်း ချစ်ခင်ယောင် ပြခဲ့တာပါပဲ။
သူ မှတ်မိတဲ့ မြင်ကွင်းထဲမှာတော့ သူ့အမေက တစ်ခုခုကို အသည်းအသန် ငြင်းဆန်နေခဲ့တယ်။ တောင်းပန်နေခဲ့တယ်။ ပြီးတော့ အများကြီး နာကျင် ဝမ်းနည်းနေခဲ့တယ်။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...