Part (13)

913 80 2
                                    

အလင်းမပေါက်တဲ့ညတွေ
ထူထဲလာခဲ့ရင်
ငါတို့ ဘာလုပ်ကြမလဲ

တစ်ညကနေ နောက်တစ်ညကို
ကမ်းမမြင်လမ်းမမြင်
ငါတို့ ဘယ်လိုကူးကြမလဲ

စိတ်ကို ကြိုးပြတ်စွန်လို
ေလစုန်မမျှောလိုက်နဲ့ ဘေဘီရယ်

မှတ်ဉာဏ်တွေထဲမှာ
နေ့အလင်းရောင်တွေ ရှိပါတယ် ... ။

_မြကျေး

ကံကြမ္မာ ကြိုးကလေးတွေဆိုတာ ဟိုးအစကတည်းက ရစ်ချည်ပြီးသားရယ် မဟုတ်လား။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်မှာ ဟိုးအစကတည်းက ရှိခဲ့ပြီးသားလေ။

ဝမ်ရိပေါ်က ဆိုင်ကလေးကို အစပြုခဲ့တယ်။ အစစ အရာရာက မလွယ်ပါဘူး။ ရိပေါ်အနေနဲ့ကျ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ကူးရှိပေမဲ့ သူ့အစ်ကိုကိုတော့ ဘယ်လို ပင်ပန်းမှုထဲမှာ ဆွဲ မခေါ်ချင်ခဲ့ဘူး။ ကိုယ်အားဖြင့်၊ စိတ် အားဖြင့် သိမ်ငယ် ညှိုး‌နွမ်းသွားမှာလဲ မလိုလားပါဘူး။ ရိပေါ် ဘယ်လောက်ပဲ တားတား ရှောင်းကျန့်က ဆိုင်ဖွင့်ချိန်တွေလောက်မှာတော့ လိုက်လာတတ်ပါတယ်။ ရိပေါ်မှာ ရွယ်တူ ကောင်လေး အပေါင်းအသင်း ရှိတာမို့ သူ့ သူငယ်ချင်းအချို့ကလဲ လာကူကြတယ်။ ဘယ်လောက်ပဲ နိမ့်ပါးသူ များတဲ့ ရပ်ကွက် ဖြစ်ပါစေဦး။ ဒီအရွယ်ကလေး တော်တော်များများမှာ အမှီသဟဲ ပြုစရာ မိဘကတော့ ရှိကြတာပဲ။ ဒီသူငယ်ချင်းကတော့ ဆယ်ကျော်သက်အရွယ်မှာပဲ ကိုယ့်အားကိုယ် ကိုးနိုင်ခဲ့ပြီ‌။ ကိုယ့်ဖာသာ ရပ်တည်နေရပြီပဲ မဟုတ်ပါလား။

သူတို့ ပြောင်းလာခဲ့တဲ့ကျောင်းက သောကြာနေ့တိုင်း ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို မကြိုက်တဲ့ ရှောင်းကျန့်အတွက်တော့ အဲ့ဒီအချိန်ဟာ ပင်ပန်းစေတယ်။ သူတို့ကျောင်းအတွက် ကာယဆရာက တစ်ကျောင်းလုံးမှာ တစ်ယောက်ပဲ ရှိတယ်။ အသက် 30 ဝန်းကျင်ပဲ ရှိသေးတဲ့ လူငယ် ဆရာတစ်ယောက်ပါပဲ။ လူငယ်ဆရာ ဖြစ်တာရယ်၊ ခပ်မြင့်မြင့်ကျောင်းရဲ့ ကျောင်းဆင်းတစ်ယောက် ဖြစ်တာရယ်ကြောင့် အမြဲလိုလို ထောင်လွှားနေလေ့ရှိတယ်။ ဝမ်ရိပေါ်အမြင်မှာတော့ နည်းနည်း ဟိတ်ဟန်များတယ်ပေါ့။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now