Part (16)

823 75 5
                                    

ပြင်ဆင်ဖို့ လိုနေသေးတဲ့
အိမ်သေးသေးလေး တစ်လုံး
မျက်နှာကျက်မှာ
starry night ကို ဆွဲရအုံးမယ်

ဘေဘီရယ်
မင်းကို လုံခြုံစေချင်တယ် ။

_မြကျေး

ပြဿနာ အချို့ ဖြေရှင်းလို့ အပြီးမှာတောင် ရှောင်းကျန့်က ကျောင်းရဲ့ ဂုဏ်ထူးဆောင် တစ်ယောက် ဖြစ်လာခဲ့တယ်။ ရှောင်းကျန့်အတွက်တော့ ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှု မဟုတ်ပါဘူး။ နည်းနည်းကလေးတော့ အသက်ရှူချောင်ပါတယ်။ ကျောင်းက ရတဲ့ ထောက်ပံ့ငွေက သူတစ်ယောက်အတွက်ဆို လုံလောက်တာထက်တောင် အများကြီး ပိုလျှံနေသေးတယ်။

သူ စာကို တစိုက်မတ်မတ် လုပ်ရုံနဲ့တင် တက္ကသိုလ်ကိုလဲ ဝမ်ရိပေါ်လေးကို မမှီခိုဘဲ ရောက်နိုင်မှာပဲပေါ့။
သူ ဘာမှ မလုပ်နိုင်တဲ့နေ့တွေ ရှိတယ်။
ဘာကိုမှ မယုံကြည်နိုင်တော့တဲ့ နေ့တွေရှိတယ်။
ဝမ်ရိပေါ်ကသာ သူ့ကို ဆွဲခေါ်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရာပဲ။

"ကောကော ဘာစားမှာလဲ"

"စာလုပ်ရတာ အားမရှိဘူး"

ရှောင်းကျန့်က မီးဖိုခန်းထဲကို လေးတိလေးကန် လိုက်ဝင်လိုက်တယ်။ ဒီရက်ပိုင်းမှာ သင်္ချာစွမ်းရည် ပြိုင်ပွဲရှိတာနဲ့ ရှောင်းကျန့် တကယ် မအားရပါဘူး။ မေးခွန်း အဟောင်းတွေ၊ အသစ်တွေ အထပ်ထပ် လေ့ကျင့်ရတာတွေနဲ့ တကယ်ကို ပင်ပန်းနေခဲ့ပြီ။
ဘယ်သူ့ရဲ့မှ မျှော်လင့်ချက် ဖြစ်ချင်လို့ မဟုတ်ဘူး။
ဒီအတိုင်း သူ့တာဝန်ပဲ မဟုတ်ဘူးလား။

ရှောင်းကျန့်က ပန်းကန်ဆေးနေတဲ့ ရိပေါ် ပခုံး ပေါ်ကို မှီချလိုက်တယ်။
အလေးချိန်ကြောင့်‌ ရိပေါ် ပြုံးမိသွားပြန်တော့တာပဲ။

"ကောကော ပြန်အိပ်ချင်အိပ်လေ
မအိပ်ချင်ရင် သွားထိုင်လေ
မနက်စာ ပြင်ပေးမယ်လေ"

"အားမရှိဘူး"

"သိပြီလို့ ကျနော် ဖက်ထုပ် လုပ်ကျွေးမယ်လေ"

"မင်းက ဆိုင် နောက်မကျဘူးလား"

"ဆိုင်က ကျနော် မလာသေးလဲ
ဖွင့်နှင့်မှာပဲဟာ"

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now