ကမ္ဘာကြီးလည်း တလှုပ်လှုပ်ပဲ
ငရဲတမျှတွင်းဝတွေကလည်း ပွက်ပွက်ဆူမြဲပါပဲပန်းတွေဘယ်မှာလဲလို့
မမေးတော့နဲ့ ဘေဘီရဲ့
အနီးကပ်ချစ်ရသူတွေ
မနက်ဖြန်ထိ ခိုင်မာနေဖို့ပဲ
လိုအပ်ပါတော့တယ် ။_မြကျေး
ကံဆိုးမှု အချို့ ကြုံတွေ့ရတဲ့အခါ ကောင်းကင်ဟာ အမြဲ ပြာလွင်မနေနိုင်ပါဘူးလို့ ကျနော်တို့ တွေးမိကြမှာပါ။
နက်မှောင် မိုးသားချည်းလဲ မဖြစ်နိုင်ဘူးဆိုတဲ့ အကောင်းမြင်စိတ်ကလေး မွေးဖွားလာဖို့ကတော့ မလွယ်ဘူးရယ် မဟုတ်လား။
ရှောင်းကျန့်က ဒီ (၂)နှစ်ကျော်ကာလများကိုတော့ ကျေးဇူးတင်ပါတယ်။ ဘာကိုမှ မယုံကြည်ရင်၊ ဘယ်လိုမှ မပျော်ရွှင်ရင် တိတိပပ တစ်ယောက်တည်း အထီးကျန်မှုအစား တစ်ယောက်ယောက် သူနဲ့အတူဆိုတဲ့ ခံစားနွေးထွေးမှုလေးကို သူ ရတယ်။
တိတ်ဆိတ်စွာ စောင့်ကြည့်ဖို့
ခံနိုင်ရည်အား မမျှတဲ့အခါ အတူရှိဖို့
ဝမ်ရိပေါ်က သူ့အတွက် ဒီလိုလူပဲ။ဒီညီလေးနဲ့ ရှောင်းကျန့်မှာ သွေးသား သံယောဇဉ် မရှိဘူး။ ဒါပေမဲ့လဲ မိသားစုပဲ မဟုတ်ဘူးလား။
ဆန်တိုရီနီ_
ဒါက နွေဦးရာသီပဲ။
(၈) နှစ်အကြာမှ မိုင်ပေါင်း ၄၇၅၃ မိုင်ဝေးတဲ့ နေရာကို ခရီးထွက်ဖြစ်တယ်။ရှောင်းကျန့်အတွက် (၈)နှစ်အကြာမှ ပြည်ပခရီးစဉ်ဖြစ်သလို ရိပေါ်အတွက်တော့ ပထမဆုံးပါပဲ။
ပေကျင်းနဲ့ အေသင်လေဆိပ်ကို ၁၂ နာရီခွဲလောက် မနားတမ်း ပျံသန်းခဲ့ရတာ။ လေယာဉ်ပေါ်မှာ သူတို့ အိပ်ပျော်ခဲ့တာမို့ သိပ်တော့လည်း မပင်ပန်းပါဘူး။
ခရီးထွက်တယ်ဆိုတာ စူးစမ်းလေ့လာချင်စိတ်ပါပဲ။ ရှောင်းကျန့်တို့ ဟိုတယ်မှာ အခန်းယူပြီး အရင်နားလိုက်တယ်။
ဆန်တိုရီနီက ဧပရယ်လထက် ဂျူလိုင်၊ ဩဂတ်၊ စက်တင်ဘာလတွေမှာ ပိုပြီး လူစည်ကားပုံရပါတယ်။ ခရီးသွား ရာသီမဟုတ်ပေမဲ့ ခရီးသွားအနည်းငယ်တော့ ရှိပါတယ်။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Hayran Kurguဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...