Part (12)

918 75 4
                                    

ငါ့မှာ ပြေးစရာမြေ ရှိခဲ့တယ်
ခိုစရာ အမိုး ရှိခဲ့တယ်။

လောက ကတော့
ဆိုးမြဲအတိုင်း ဆိုးနေမှာပဲ။

အချစ်ခံ နေရလို့သာ
မကောင်းဆိုးဝါး မဖြစ်ခဲ့တာပါ
ဘေဘီရယ် ။

_မြကျေး

ရိပေါ်က အလုပ်ရှာထွက်သွားတာ နည်းနည်းတော့ ကြာသွားတယ်။ ရိပေါ် ပြန်လာတဲ့ အခါမှာတော့ နေတောင် စောင်းလုပြီ။

"ကော နေ့လယ်စာ စားလား"

ဖိနပ်ကို ချွတ်ပြီး အိမ်စီးဖိနပ် လဲရင်းနဲ့ ‌‌ရှောင်းကျန့်ကို မေးလိုက်တယ်။ တစ်လက်စတည်း နေ့လယ်စာ ထမင်းကို စား မစား ကြည့်ဖို့ မမေ့ပါဘူး။

"ကိုယ် နွှေးစားထားတယ်"

"နည်းနည်းလေး စားထားတာပဲ"

"ခဏလေးစောင့်
ကျနော် ရေချိုးပြီးရင် အောက်မှာ ဈေးသွားဝယ်ပြီး ကော အတွက် ချက်ပေးမယ်"

"ကိုယ်လဲ လိုက်ချင်တယ်"

"အင်း ကိုယ်ကို လိုက်ပြမယ်"

ဝမ်ရိပေါ်က ဘာမဆို ခပ်မြန်မြန် လုပ်တတ်တဲ့ အလေ့အကျင့်ရှိတယ်။ ဆယ့်ခြောက်နှစ်က ကောင်းကောင်း တက်ကြွတဲ့ အရွယ် မဟုတ်လား။

"ကောကော သွားရအောင်"

သူတို့နှစ်ယောက်လုံး ဒီ ဆင်ခြေဖုံး ရပ်ကွက်ကလေးရဲ့ လမ်းကျဉ်းလေးတွေအတိုင်း ဆင်းသွားလိုက်တယ်။ ဝက်သား အနည်းငယ်၊ မှို၊ ပြောင်းဖူးနဲ့ အရွက်အချို့ကို သူတို့ ရွေးပြီး ဝယ်ကြတယ်။ ဝမ်ရိပေါ်က ဆန်အရက် တစ်ပုလင်းကိုတောင် ထည့်ယူခဲ့သေးတယ်။

အိမ်ပြောင်းတာ၊ အိမ်ရွှေ့တာအတွက် သူတို့မှာ ဘာထုံးတမ်းစဉ်လာတွေကိုမှ မလုပ်ရဘူး။ ငယ်ရွယ်တဲ့ ကလေးတွေပဲ ရှိသေးတယ် မဟုတ်လား။ ရိပေါ်က အသီးအရွက်နဲ့ အသားငါးတွေကို အလျင်အမြန် တိုက်ချွတ် ဆေးကြောလိုက်တယ်။ သူ့အစ်ကိုကိုလည်း စကား တပြောပြောနဲ့ပေါ့။

"ကော မင်း မကူနဲ့ ရတယ်
ငါ မြန်ပါတယ်"

"အင်း"

"ဝက်အကြွပ်ကြော်လိုက်မယ်
ဟင်းရည် တစ်ခွက်နဲ့ အသီးအရွက်ကြော် ရပြီလား"

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now